Pages

Friday, October 26, 2018

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၅
-
အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ မှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံးရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဘယသုတရာမ ကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသန အမှူးပြုသော သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ    တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဘယသုတရာမ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များကသံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဝတ်အသင်းများနှင့် ဧည့်ပရိသတ်များက မင်္ဂလသုတ်အမွှမ်းနှင့် ပါဠိတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
-

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဘယသုတရာမ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
-
အဆိုပါမှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်ဝတ်အသင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ရွတ်ဆိုပူဇော် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment