Pages

Tuesday, October 30, 2018

ကျေးလက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

ကျေးလက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ

မိုင်းပျဉ်း အောက်တိုဘာ ၂၉
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျေးလက် ကွန်ကရစ် လမ်းသစ် ဖွင့်ပွဲ ကျင်းပသည်။
-
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်၊  မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်   ကျေးရွာအုပ်ချုပ် ရေးမှူး ဦးကာဝိတို့ နှင့်အတူ ကွန်ကရစ်လမ်း သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းသစ်ကို  ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်က ကွန်ကရစ်လမ်း သစ်ဖွင့်လှစ်ပေး ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
-
အဆိုပါလမ်းသစ်ကို မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်   ခြောက် လ ဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့်  အကောင်အထည်ဖော်   ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်းအရှည်ပေ ၇ဝဝ၊   အကျယ်  ၁၁ ပေ၊  ထုခြောက်လက်မရှိကြောင်း သိရသည်။
-
နေလင်း(ညောင်လေးပင်)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment