Pages

Tuesday, October 2, 2018

ယဉ်ကျေးမှုကို ဘာသာတရားဖြင့် ထိန်းသိမ်းမြှင့်တင်









နေပြည်တော် အောက်တိုဘာ ၁
-
ဘာသာတရား အဆုံးအမသည် ယဉ်ကျေးသိမ်မွေ့စေရန် ဆောင်ရွက်ရာတွင် စွမ်းအားမြင့်မား
သည်။ ဘာသာတရား၏ အဆုံးအမ ကျင့်ဝတ်စည်းကမ်းများကို နည်းလမ်းတကျ လိုက်နာကျင့်သုံး
နိုင်ပါက ယဉ်ကျေးသိမ်မွေ့ပြီး လူနေမှုဘဝမြင့်မားလာမည်ဖြစ်ပေသည်။
-
ထို့ပြင် ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်
အတွင်းရှိ လူတိုင်းလူတိုင်းအနေဖြင့် မိမိတို့ယုံကြည်ရာ ဘာသာတရား၏ စည်းကမ်းချက်များကို
နည်းလမ်းတကျလိုက်နာကြပါက ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်
သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
-
ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးတစ်မျိုး၏ မျိုးရိုးဂုဏ်သိက္ခာ မပျောက်ပျက်စေရေးအတွက်
ထိန်းသိမ်းစောင့်ရှောက်ရသော အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ စာရိတ္တဆိုသည်မှာလည်း ထိုလူမျိုး
တစ်မျိုး၏ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းရသော အသက်ဝိညာဉ်သဖွယ်ဖြစ်သည်။
-
ယဉ်ကျေးမှုတွင် အနုပညာယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံဟူ၍ နှစ်မျိုးရှိပြီး အနုပညာယဉ်
ကျေးမှုတွင် စာပေ၊ ဂီတ၊ သဘင်၊ ဗိသုကာအတတ်၊ ပန်းဆယ်မျိုးတို့ပါဝင်သည်။ ရိုးရာဓလေ့ထုံးစံ
ယဉ် ကျေးမှုတွင် လူတစ်မျိုး၏ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်အပေါ် ဆက်ဆံရသည့် အခြေအနေ
တွင် မူတည်၍ လက်ခံကျင့်သုံးလာသည့် အတွေးအခေါ် ဘာသာအယူဝါဒနှင့် ဝတ်စားဆင်ယင်
နေထိုင်စားသောက်မှုတို့ဖြစ်သည်။ ထို့ပြင် အမျိုးသားယဉ်ကျေးမှုဟူသည် အနုပညာယဉ်ကျေးမှုနှင့်
ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ကျင့်သုံးသည့် မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှု
ဖြစ်သည်။
-
ယဉ်ကျေးမှုကို စောင့်ရှောက်ကြရန်အတွက် မကောင်းမှုပြုရာတွင် =ရှက်ခြင်း+၊ မကောင်းမှုပြုရာ
တွင်=ကြောက်ခြင်း+တည်းဟူသော ဟီရိသြတ္တပ္ပတရားနှစ်ပါးကို မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့သည်။
ထိုတရားနှစ်ပါးအပြင် ဗုဒ္ဓဘာသာဝင်များအတွက် (၃၈)ဖြာ မင်္ဂလာတရားတော်ကိုလည်း ဟောကြား
တော်မူခဲ့သည်။ လူတို့တွင် ရှက်ခြင်း၊ကြောက်ခြင်း ဟီရိသြတ္တပ္ပတရားနှစ်ပါးမရှိပါက လူ့ဘောင်
လောက ပျက်စီးသွားမည်သာ ဖြစ်ပေသည်။
-
ထို့ကြောင့် လူ့ဘောင်လောကတွင် နေထိုင်ကြသည့် လူသားအားလုံးတို့ ယဉ်ကျေးသိမ်မွေ့
လာစေရန်၊ လူသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာနာတတ်စေရန် စည်းရုံးသိမ်းသွင်း
သောအရာသည် ကရုဏာနှင့် မေတ္တာတရားဟု မှတ်ယူထားကြရမည်ဖြစ်သည်။ ထိုသို့ တစ်ဦးအပေါ်
တစ်ဦး စာနာသနားစိတ်၊ ကိုယ်ချင်းစာစိတ်ရှိမှသာ လူ့ဘောင်လောကကြီး သာယာအေးချမ်းနေ
မည်ဖြစ်သည်။
-
သို့ဖြစ်ရာ ယခုကာလသည် ဝါတွင်းကာလဖြစ်သောကြောင့် မြန်မာလူမျိုးတို့အနေဖြင့် ဗုဒ္ဓဘာ
သာဝင်များဖြစ်သည်နှင့်အညီ ဝါတွင်းကာလတွင် လောဘ၊ဒေါသ၊မောဟစိတ်များကို ပယ်ဖျောက်၍
တရားဘာဝနာပွားများပြီး သည်းခံခြင်း၊ခွင့်လွှတ်ခြင်း၊ ကိုယ်ချင်းစာနာခြင်း၊အမှန်တရားကိုနှစ်
သက်ခြင်းနှင့် သူတစ်ပါးတို့ကို ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် ဘာသာတရား၏ အဆုံးအမကို လိုက်နာ
ကျင့်သုံးနေထိုင်ကာ ယဉ်ကျေးမှုကို ဘာသာတရားဖြင့် ထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်ပါကြောင်း
တိုက်တွန်းရေးသားလိုက်ရပေသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment