Pages

Monday, October 1, 2018

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၃ဝ

၂ဝ၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊  ပြည့်ဇာနည် အားကစားခန်းမ၌ ပြုလုပ်ရာ  ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် အောင်သီဟနှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက အကြီးတန်းပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ်အသင်းတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတိုင်းမှူးနှင့်အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆု နှင့် ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါ    တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂ဝ သင်းဖြင့် စက်တင်ဘာ ၂၆ ရက်မှ ယနေ့အထိပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment