Pages

Wednesday, September 5, 2018

သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့သည့် ကုန်တင်ရေယာဉ် SAM RATULANGI ကို တွဲဆွဲခေါ်ဆောင်လာသည့်တွဲဆွဲရေယာဉ် INDEPENDENCE အား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်




နေပြည်တော် ၅-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝ အနီး၌ SAM RATULANGI အမည်ရှိ ပြည်ပကုန်တင်ရေယာဉ် သောင်တင်ခဲ့သည့် ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ဆက်သွယ်သတင်းပို့ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့သည့် INDEPENDENCE အား သြဂုတ် ၃၁ ရက် နံနက် ၁၁ နာရီတွင်မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာမြန်မာ့ပင်လယ်ပြင်မှ တစ်ဖက် နိုင်ငံဘက်သို့ခုတ်မောင်းနေစဉ် တပ်မတော်(ရေ)မှ စစ်ရေယာဉ်တစ်စင်းက တားဆီးထိန်းသိမ်းခေါ်ဆောင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါတားဆီးထိန်းသိမ်းထားသည့် တွဲဆွဲရေယာဉ် INDEPENDENCE အား အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးနှင့်အတူကော့သောင်းမြို့၊ အနောက်တောင်ဘက်ရေမိုင် ၄၈ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် တပ်မတော်(ရေ)က ခေတ္တထိန်းသိမ်းထားရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် စက်တင်ဘာ ၃ရက် နံနက် ၁၀ နာရီတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွေး ဦးစီး သက်ဆိုင်ရာဌာနစုံပူးပေါင်းအဖွဲ့သို့ အဆိုပါရေယာဉ်နှင့် အမှုထမ်း များ အား စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေကြောင်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment