Pages

Thursday, September 27, 2018

တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ



နေပြည်တော် ၂၇-၉-၂ဝ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် အတွင်းရေးမှူး နှင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးတို့က အဆိုပါ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ ဆက်ဆံရေးရုံး၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်အတွင်းရေးမှူးနှင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment