Pages

Tuesday, September 25, 2018

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်



နေပြည်တော် ၂၅-၉-၂ဝ၁၈

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဆုပေးပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသော ခိုလမ်တပ်နယ် ကိုယ်စားပြုအသင်းအား တိုင်းမှူး နှင့်အဖွဲ့ဝင်များက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။ အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင် ဘာ ၁၉ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား ၉ဝ ဦးနှင့် အမျိုးသမီး ၇ဝ ဦးတို့က အားကစားနည်း ကိုးမျိုးဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment