Pages

Monday, September 3, 2018

ဒေသခံ တိုင်းရင်းသားများ ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေး တိုင်းမှူးဒိုင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၃-၉-၂ဝ၁၈

၂ဝ၁၈ ခုနှစ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒေသခံတိုင်းရင်းသားများ ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေး တိုင်းမှူးဒိုင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဘောလုံး ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ၊ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ်ဖြစ်သည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းနှင့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဂုဏ်ပြုဆု၊ အသင်းလိုက် ဂုဏ်ပြုဆု၊ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့ကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆုများ အသီးသီး ပေးအပ်သည်။ 

အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများ၊ တောင်ရိုး၊ ဓနု၊ ပအိုဝ်း၊ရှမ်း၊ ကယား စသည့် ဒေသခံ တိုင်းရင်းသားများနှင့် တောင်ကြီးတက္ကသိုလ်မှ ကျောင်းသားများ ပါဝင်သော ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment