Pages

Monday, September 3, 2018

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


ဆရာတော်ထံမှ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တက်ရောက်လာကြသူများက ရှစ်ပါးသီလခံယူဆောက်တည်ကြစဉ်။

သံဃာတော်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၃-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပိဋကသုံးပုံ နိကာယ် စာသင်တိုက်ရှိ သံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၊ အလှူ ရှင်များက လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်ရှိ ပြည်လုံးချမ်းသာ မဟာသိမ်တော်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပိဋကသုံးပုံ နိကာယ်စာသင်တိုက် ပဓာနနာယက ရွှေရတုတိပိဋကဓရ တိပိဋက ကောဝိဒ ဓမ္မဘဏ္ဍာဂါရိက တိပိဋက ပါဠိပါရဂူ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များ ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော် ၂၂၈ အိတ်၊ ဆီ ၂၄၆ ပိဿာနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့ပြင် အဆိုပါစာသင်တိုက်မှ စာသင်စာ ချသံဃာတော် ၄ဝ၅ ပါး၊ အဆိုပါစာသင် တိုက်၌ ဖွင့်လှစ်ထားသည့် ရွှေရတုနိကာယ် ဓမ္မစကူးလ်မှ ဆရာ၊ ဆရာမများနှင့်ကျောင်း သား၊ ကျောင်းသူ ၅ဝ ဦး၊ ဒေသခံပြည်သူ ၁၅ ဦးတို့ကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment