Pages

Tuesday, September 4, 2018

၁၉၉၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာ့လယ်ယာကဏ္ဍ၌ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ရင်းနှီးမြှုပ်နှံမှု ၂၃ ခု ခွင့်ပြုပေးခဲ့



ရန်ကုန် ၄-၉-၂ဝ၁၈

အတွင်း မြန်မာ့လယ်ယာ ကဏ္ဍ၌ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ် ရင်းနှီးမြှုပ်နှံမှု ၂၃ခု ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတင်းများအရ သိရသည်။

မြန်မာ့လယ်ယာ ကဏ္ဍတွင် မြန်မာနိုင်ငံသားများနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် နေကြသည့်နိုင်ငံများမှာ စင်ကာပူ၊အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ကိုရီးယား၊ မလေးရှားနိုင်ငံတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးတို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်
 နေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ၈ဝ ရာခိုင်နှုန်းထိ ခွင့်ပြုပေးထားသော်လည်း လာရောက်လုပ်ကိုင်မှု နည်းပါးနေကြောင်း သိရသည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို မြန်မာ့လယ်ယာ ကဏ္ဍ၌ မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်း၊ကြံစိုက်ပျိုးရေး လုပ်ငန်းနှင့် ဆန်စက်လုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်း ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ပြုပေးထားသည်။ မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကို ၁ဝဝ ရာခိုင်နှုန်းထိ ခွင့်ပြုပေးထားခဲ့ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် နေသည့် နိုင်ငံတကာရင်းနှီး မြှုပ်နှံလုပ်ကိုင် သူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၌ သွားရောက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရာတွင် အဆိုပါနိုင်ငံ၏ အာမခံကိစ္စ၊ မြေယာကိစ္စနှင့် ရာသီဥတု အခြေအနေများကို လေ့လာဆောင်ရွက်ကြသည်။

ထို့ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် အဆိုပါ အခြေအနေများကို လေ့လာစောင့်ကြည့် နေကြသောကြောင့် လာရောက်လုပ်ကိုင်မှု နည်းပါးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က မြန်မာ့လယ်ယာ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု ၅၁ရာခိုင်နှုန်းဖြင့် ဖက်စပ်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုပေးခဲ့ သော်လည်း၂ဝ၁၆ခုနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၈ဝ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂ဝရာခိုင်နှုန်းထိ ဖက်စပ်လုပ်ကိုင်ရန် ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment