Pages

Monday, September 3, 2018

နယ်သာလန်နိုင်ငံက မန္တလေးဆိပ်ကမ်းလေ့လာမှု အစီရင်ခံစာ ထွက်ရှိတော့မည်



မန္တလေး ၃-၉-၂ဝ၁၈

မန္တလေးမြို့ရှိ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် နယ်သာလန်နိုင်ငံက ဆိပ်ကမ်းများကို လေ့လာမှုပြုလုပ်နေပြီး စက်တင်ဘာလ ကုန်ခန့်တွင် လေ့လာမှု အစီရင်ခံစာ ထွက်ရှိနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့နှင့် နယ်သာလန်နိုင်ငံ Royal Haskoning DHV ကုမ္ပဏီတို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ ဆိပ်ကမ်းများကို စနစ်ကျပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဆိပ်ကမ်းများအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် မန္တလေးမြို့ လက်ရှိဆိပ်ကမ်း အခြေအနေများကို နယ်သာလန်နိုင်ငံမှ ပညာရှင်များက ပြီးခဲ့သည့်သြဂုတ်လ လယ်ခန့်မှစ၍ လေ့လာနေကာ လေ့လာတွေ့ရှိမှု အစီရင်ခံစာကို စက်တင်ဘာလ ကုန်ခန့်တွင် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"အခုက မန္တလေးဆိပ်ကမ်းရဲ့လက်ရှိ ဘယ်လိုအနေအထားရှိတယ်။ ဘာတွေလုပ် နေကြလဲဆိုတဲ့ အချက်အလက်တွေ အကြမ်းဖျင်း စုဆောင်းလေ့လာနေတာပါ။ ပြီးမှ လုပ်ငန်းတစ်ခုချင်းစီ ထပ်လေ့လာမှာပါ။ ဒီလကုန်လောက် Report ထွက်နိုင်တယ်။ Report ထွက်ရင် တိုင်းဒေသကြီး အစိုးရဘက်က ဦးစားပေးလုပ်ငန်း တွေခွဲပြီး အကောင်အထည်ဖော်မှာပါ"ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဆိပ်ကမ်းများ ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း ပထမအဆင့် လေ့လာမှုပြုလုပ်ရာ၌ လက်ရှိဆိပ်ကမ်း များကိုအသုံးပြုနေသည့် အခြေအနေများ၊ လူထုအပန်းဖြေ စခန်းများ၊ ကုန်တင်ကုန်ချ နေရာများ၊နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည် ဆိပ်ကမ်းများ စသည့်အခြေအနေ များကိုပါ ထည့်သွင်းစဉ်းစား လေ့လာသွားမည် ဖြစ်ပြီး လေ့လာရရှိသည့် အစီရင်ခံစာရရှိပါက စီမံကိန်းကိုစတင် အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment