Pages

Tuesday, September 25, 2018

မိတ္ထီလာမြို့၊ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်မြတ်ကြီး၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ပြုလုပ်




နေပြည်တော် ၂၅-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ သမိုင်းဝင်ဖောင်တော်ဦး စေတီတော်မြတ်ကြီး၏ (၁၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သြဝါဒါဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဆွမ်းသပိတ်လောင်းလှူ ပူဇော်ပွဲကို ယနေ့တွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ မိတ္ထီလာမြို့၊ အာသောကာရုံရေလယ် ကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာဘာဝတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြသည်။ 

ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများက မိတ္ထီလာမြို့၊မြို့ရှေ့တိုက် ရွှေဘုံသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယထံမှရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သြဝါဒါ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်၁ဝ၈ ပါးတို့အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် ဖောင်တော်ဦး စေတီတော်မြတ်ကြီးရှိ လာဘမုနိ ရုပ်ပွားတော်ကြီးအား ရွှေသင်္ကန်း ကပ်လှူနိုင်ရန် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ် ၁ဝ သိန်းကို တိုင်းမှူးက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အာသောကာရုံရေလယ် ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာနှင့် ရေစက်ချ တရားနာယူကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်အတွက် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်မှ ပံ့ပိုးကူညီ ပြုလုပ်သည့် မြန်မာ့ရိုးရာလောင်းလှေ သရုပ်ပြပွဲတွင် လှော်ခတ် ယှဉ်ပြိုင်ကြသည့် မြန်မာ့လက်ရွေးစင် လှေလှော်အသင်းသားများ၏ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment