Pages

Wednesday, September 19, 2018

မြားပစ် ပြိုင်ပွဲအတွက် မြန်မာကစားသမား နှစ်ဦး ဂျပန်နိုင်ငံ၌ ကြိုတင် လေ့ကျင့်နေ



ရန်ကုန် ၁၉-၉-၂၀၁၈

အရှေ့အာရှမြားပစ် ပြိုင်ပွဲအတွက် မြန်မာကစားသမားနှစ်ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံ၌ သွားရောက် လေ့ကျင့်နေကြောင်း မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

''ပြိုင်ပွဲက ဂျပန်နိုင်ငံမှာ ကျင်းပမှာပါ။ မြန်မာနိုင်ငံကိုလည်း ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်တယ်။ ဒါကြောင့် ပွဲအတွေ့အကြုံလည်း ရစေချင်တာနဲ့ သွားပြိုင်ဖို့ စေလွှတ်ခဲ့တာပါ။ ပြိုင်ပွဲမတိုင်မီ ဂျပန်နိုင်ငံကို တစ်ပတ်ကြိုလွှတ်ပြီး လေ့ကျင့်ပြင်ဆင်နေတဲ့ သဘောပါပဲ''ဟု ဦးဇေသီဟက ပြောသည်။

မြန်မာကစားသမား နှစ်ဦးဖြစ်သော စိုင်းခွန်စပ်နှင့် သန္တာဦးတို့သည် စက်တင်ဘာ ၁၃ ရက်မှ ၂ဝ ရက်အထိ ဂျပန်နိုင်ငံ၌ တစ်ပတ်ကြာ လေ့ကျင့်လျက်ရှိသည်။ အရှေ့အာရှ မြားပစ်ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဂျပန်၊ မြန်မာနှင့် ဘူလ်တန်အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment