Pages

Wednesday, September 5, 2018

မကြာမီ စပါးသစ်များ ပေါ်မည်ဖြစ်၍ အစိုဓာတ်ပါဝင်နှုန်း ထိန်းထား နိုင်ပါက ဈေးနှုန်း ကောင်းမွန်နိုင်



ရန်ကုန် ၅-၉-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ မကြာမီ စပါးသစ်များ ပေါ်လာတော့ မည် ဖြစ်၍ အစိုဓာတ် ပါဝင်နှုန်း ထိန်းထားနိုင်ပါက ဈေးနှုန်းကောင်းမွန် လာနိုင်ကြောင်း ဆန်စပါး ကုန်သည်များထံမှ သိရသည်။

''စက်တင်ဘာ ၁၅ ရက် နောက်ပိုင်းမှာ ပဲခူး အနောက်ဘက်ခြမ်းမှာ စပါး စတင်ပေါ်လာမယ်။ ဧရာဝတီတိုင်း ဒေသကြီး တချို့မြို့နယ်တွေမှာ စတင်ရိတ်သိမ်းလို့ စပါး အဟောင်းဈေး သီးထပ် တစ်တင်းကို ငွေကျပ် ၆၅ဝဝ ကနေ ၆၇ဝဝ၊ ရက် ၉ဝ စပါးတစ်တင်းလျှင် ငွေကျပ် ၇ဝဝဝ အထက် ဈေးပေါက်တယ်။ ပြောင်းလဲလာတဲ့ စပါးဈေးနှုန်း တွေအရ ကုန်သည်တွေ အနေနဲ့ ရောင်းမှား၊ ဝယ်မှား မဖြစ်အောင်နဲ့ အရင်းမရှုံးအောင် ဂရုစိုက်ဖို့လိုတယ်'' ဟု ရန်ကုန် တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

''စပါးပေါ်ချိန်ရောက်ရင် ဆန်ဈေးတွေ ကျလာမှာပါ။ နောက်ပြီး နေရာ ဒေသအလိုက် စပါးစိုက် တာထွက်ရှိတာမတူတော့ ဈေးကွက်အတွင်းမှာ ဆန်ပြတ်တယ် ဆိုတာ မရှိဘူး။ သက်ဆိုင်ရာ ကုန်သည်တွေက စပါးအခြေခံ ဈေးအလိုက်တော့ ပေးဝယ်နေကြတယ်။ နေပြည်တော်နဲ့ မန္တလေးဘက်မှာ ဆိုရင် အခုမှရက် ၉ဝ မိုးစပါးစိုက်ဖို့ ပြင်နေကြတုန်းပဲ။ မိုးနဲ့ နွေသီးနှံမှာလည်း မိုးမှာ ထွက်မယ့် စပါးက အစိုဓာတ် ပါဝင်နှုန်း ပိုမြင့်တာမို့ ဒီကာလမှာ ရိတ်သိမ်းချိန် လွန်နည်းပညာ အသုံးချပြီး အစိုဓာတ်နည်းအောင် လှန်းတာ လုပ်နိုင်မယ်ဆိုရင် စပါးဈေးက သတ်မှတ်ချက် အထက်ရောက်လာမှာပါ'' ဟု နေပြည်တော် ကောင်စီနယ်မြေရှိ ဆန်စပါး ကုန်သည် ဦးသန်းဇော်က ပြောသည်။

မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးမှု ကွင်းဆက် တစ်လျှောက်တွင် စိုက်ပျိုးမှု၊ မျိုးပြောင်းလဲမှု၊ ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးပြုမှု ခေတ်မီလာခြင်း၊ သက်နုမျိုးများ စိုက်လာခြင်း၊ နိုင်ငံတကာ တင်ပို့မှု အရည်အသွေး မီလာခြင်း စသည့် အချက်များကြောင့် ဈေးကွက်အတွင်း လှောင်လက် များလာပြီး တစ်နှစ်ပတ်လုံး နေရာ ဒေသအလိုက် ထွက်ရှိနှုန်း ပိုများလာကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment