Pages

Friday, September 28, 2018

ကျောက်ကြီး မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၂၈-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအား စက်တင်ဘာ၂၆ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင် များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ ဆုံသည်။ ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ 

ထို့နောက် တိုင်းမှူး က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာနှင့် အဝတ် အထည်များ ပေးအပ်သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄ဝ၉ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က ကျောက်ကြီးမြို့၊ မြို့တွင်းမိုးကုတ် ဝိပဿနာ ဘုန်းတော်ကြီးကျောင်း၌ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ငှက်ဖျားရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာ ၁၁ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးပြီး မြို့တွင်းမိုးကုတ် ဝိပဿနာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒိယအား ဖူးမြော်ကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment