Pages

Wednesday, September 26, 2018

သံတောင်ကြီးမြို့ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၂၆-၉-၂ဝ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က သံတောင်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၄၅ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ တုပ် ကွေးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေကုသ ပေးခြင်းများ ဆောင်ရွက် ပေး ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment