Pages

Monday, August 27, 2018

တန်ချိန် ၂ဝဝဝဝ ထိ ဆိုက်ပါနိုင်သောဆိပ်ကမ်းသစ်များကို PPP စနစ်ဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးရန် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ တင်ပြ



ရန်ကုန် ၂၇-၈-၂ဝ၁၈

ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေး တိုးတက်မြန်ဆန် လာရန်အတွက် တန်ချိန် ၂ဝဝဝဝထိ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအသစ်များကို ရင်းနှီးမြှုပ်နှံမည့် သူများရှိပါက PPP (Public Private Partner Ship) စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ ခွင့်ပေး ရန်ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ဆွေးနွေးတင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ သတင်းများအရ သိရသည်။

သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၌ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဆွေးနွေးတင်ပြ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစိုးရပိုင်ဆိပ်ကမ်းအဖြစ် ဖောင်တော်ကြီး ဆိပ်ကမ်းနှင့် ရွှေမင်းဂံ ဆိပ်ကမ်းနှစ်ခုသာ ရှိသည်။ အဆိုပါ ဆိပ်ကမ်းများတွင် သင်္ဘောတစ်စီးတည်းသာ ဆိုက်ကပ်နိုင်သဖြင့် တန် ၁ဝဝဝ ဆံ့သည့် သင်္ဘောများ ဆိုက်ကပ်ကာ ကုန်တင်၊ ကုန်ချပြုလုပ်လျှင် ၁ဝ ရက်ခန့်ထိ အချိန်ကြာမြင့် စွာဆောင်ရွက်နေရသည်။ ကမ်းရိုးတန်းသွား သင်္ဘောများမှာ စစ်တွေမြို့သို့ တစ်လလျှင် ၁၅စီးခန့် ဝင်၊ ထွက်ဆိုက်ကပ်မှု ရှိနေကြောင်း သိရသည်။

ထိုသို့ ဝင်ထွက်ဆိုက်ကပ်နေသည့် ကုန်သင်္ဘော များပြားနေသော်လည်း ဆိုက်ကပ်ရမည့် ဆိပ်ကမ်းအရေအတွက် နည်းပါးသဖြင့် ရေအလယ်ကျောက်ချ ရပ်နားကာ မော်တော်များ အသုံးပြု၍ ကုန်တင်၊ ကုန်ချပြုလုပ်နေကြရသောကြောင့် ကုန်ထုတ်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေကာ ကုန်ကျစရိတ်များလည်း မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်လာကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment