Pages

Wednesday, August 1, 2018

(JMC-S) ၏ ချစ်ကြည်ရေး အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်


တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း ပထမဆုရရှိ သောဟံသာဝတီ (ပဲခူး) အသင်းအား ဆုဖလားပေးအပ်စဉ်။


နေပြည်တော် ၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)၏ ၂ဝ၁၈ ခုနှစ်၊ ချစ်ကြည်ရေး အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၃ဝ ရက် ညနေပိုင်းတွင် တောင်ငူမြို့ရှိ မြို့မ အားကစားကွင်း၌ ပြုလုပ်သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တောင်ငူ ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် အားကစား ဝါသနာရှင် များက ဗိုလ်လုပွဲ ပွဲစဉ် ဖြစ်သည့် တောင်ငူလူငယ်အသင်းနှင့် ဟံသာဝတီ(ပဲခူး) အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာတစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ပထမဆု ရရှိသော ဟံသာဝတီ(ပဲခူး) အသင်းတို့အား ကော်မတီဥက္ကဋ္ဌ တိုင်းမှူး၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုဖလား၊ ငွေသားဆုနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ကြသည်။

အဆိုပါချစ်ကြည်ရေး အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို သက်ဆိုင်ရာ ဌာနများ အလိုက် ဘောလုံးအသင်း များနှင့် ဒေသခံ ဘောလုံးအသင်းများပါဝင်သော ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၁၅ ရက်မှ ၃ဝ ရက်အထိ ယှဉ်ပြိုင် ကစား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment