Pages

Thursday, August 30, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commi ssion of Enquiry) အား လက်ခံ တွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ (Independent Commission of Enquiry) အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(Independent Com mission of Enquiry) အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မ တော် အရာရှိကြီးများ တက်ရောက် ကြပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commission of Enquiry)  မှ အဖွဲ့ခေါင်းဆောင်  H.E. Ambassador Mrs. Rosario Manalo ၊ အဖွဲ့ဝင် H.E. Ambassador Mr. Kenzo Oshimaနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့အား ဖြစ်စဉ် မှန်များကို ရှာဖွေ ဖော်ထုတ် နိုင်ရေးအတွက် ပထမဦးစွာ ရခိုင်ပြည်နယ် ဖြစ်စဉ်ဖြစ်ရပ် သမိုင်းကြောင်းများ နှင့် ပတ်သက်ပြီး ပဏာမရှင်းပြ ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ သန်းခေါင် စာရင်းအရ လူဦးရေ ၅၂ သန်းကျော် ရှိကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူ၍ အဓိက လူမျိုးကြီး ၈ မျိုးရှိပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာ ကိုးကွယ်သူ ၆.၂ ရာခိုင်နှုန်းနှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ ၄.၃ ရာခိုင်နှုန်း အပါအ၀င် အခြား ဘာသာဝင်နှင့် ဘာသာမဲ့များ ရှိနေမှု အခြေအနေများ၊  ၁၈၂၄ ခုနှစ်၊ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်္ဂလိပ် ကိုလိုနီနယ်ချဲ့များက ယခင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) မှ မြန်မာနိုင်ငံသို့ လယ်ယာ စိုက်ပျိုးရေးနှင့် ကားလမ်း ဖောက်လုပ်ရန် အ လုပ်ကြမ်း ကူလီများ အနေဖြင့် ခေါ်ဆောင်လာမှု အခြေအနေများ၊ ဘင်္ဂါလီများသည် လူဦးရေ ပေါက်ဖွားနှုန်း များပြားမှု အပေါ် ပျမ်းမျှ တစ်အိမ်ထောင်လျှင် ဇနီးမယား ၄ ဦးထိ ရယူ၍ မိ သားစု ၁ စုလျှင် လူဦးရေ ၂၀ မှ ၆၅ ဦးအထိ ရှိမှု အခြေအနေများ၊ ဒေသခံ ရခိုင် တိုင်းရင်း သားများ အပေါ် လူဦးရေ တိုးပွားလာသည့် ဘင်္ဂါလီ အင်အားဖြင့် နေထိုင်၍ မရအောင် ခြိမ်း ခြောက်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ရခိုင်ပြည်နယ် အ တွင်း မူဂျာဟစ် ကုလားဆိုး သူပုန်များနှင့် ၁၉၄၂ ခုနှစ် အလယ်သံကျော် အရေးအခင်းများ ကြောင့် ဒေသခံ ရခိုင် တိုင်းရင်းသား အများအပြား အသတ်ခံခဲ့ရခြင်း နှင့် နေအိမ်များ မီးရှို့ ဖျက်ဆီး ခံရခြင်းများ ကြောင့် စစ်တွေမြောက်ခြမ်း ဖြစ်သည့် ဘူးသီးတောင်-မောင်တော-ရသေ့ တောင် နေထိုင်ကြသည့် ဒေသခံရခိုင် တိုင်းရင်းသား အများအပြား နေရပ်စွန့်ခွာ လက်လွှတ် ထွက်ပြေးရမှု အခြေအနေများ၊ လက်ရှိ အခြေအနေအရ ၎င်းဘင်္ဂါလီ များသည် နိုင်ငံတကာ အဖွဲ့အစည်း အချို့၏ အားပေးအားမြှောက်မှု အကူအညီများ ရယူပြီး ရိုဟင်ဂျာ လူမျိုး တစ်မျိုး အဖြစ် လုပ်ကြံပုံဖော်ကာ တိုက်ရိုက်နိုင်ငံသား ဖြစ်ခွင့် ရရှိအောင် ဖန်တီး နေသည့် အခြေ အနေများ၊ နယ်မြေလုယူရန် ကြံစည် အကောင်အထည် ဖော်နေမှု အခြေအနေများ၊ ယခင် အစိုးရ နှင့် တပ်မတော်မှ ရိုဟင်ဂျာ မရှိဟု  အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ငြင်းဆိုခဲ့မှု အခြေ အနေများ၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီသာ ဆောင်ရွက်လျက် ရှိမှု အခြေအနေများ၊ လူဦးရေ ပေါက်ဖွားနှုန်း များပြားမှု၊ နိုင်ငံ တကာ အဖွဲ့အစည်း အချို့တို့၏ အကူအညီ ရယူမှုများဖြင့် ရခိုင်ဒေသ အတွင်း ဘင်္ဂါလီများက ပြဿနာ ဖန်တီးခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင် တိုင်းရင်းသူ မသီတာထွေး ကို ဘင်္ဂါလီ ၄ ဦးက အဓမ္မပြုကျင့် ခဲ့ရာမှစ၍ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ မိတ္ထီလာ၊ မန္တလေးနှင့် ပြည်မြို့ များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဒေသခံ ရခိုင် တိုင်းရင်းသားများ၊ အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်သူများ၊ သတင်းမီဒီယာ သမား များအား သတ်ဖြတ်ခြင်း၊ အစွန်းရောက် ဘာသာရေး အယူအဆများအား မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသရှိ ဘင်္ဂါလီများထံ သွပ်သွင်းခြင်းများ ပြုလုပ်၍ အစွန်း ရောက် အကြမ်းဖက် အင်အား တည်ဆောက်ခဲ့မှု အခြေအနေ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ လ အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသည့် ရဲကွပ်ကဲမှု ဌာနချုပ်တစ်ခု အပါအ၀င် ရဲကင်း စခန်း ၃၀ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက် မျိုးစုံ (၆၈) လက်လု ယူမှု အပါအ၀င် ရဲဝန်ထမ်း များနှင့် မိသားစုဝင် များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု အခြေအနေနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ တွင်လည်း တပ်မတော် ဌာနချုပ် တစ်ခု အပါအ၀င် ရဲကင်း စခန်းများနှင့် ဒေသခံ တိုင်းရင်းသား ကျေးရွာများကို အင်အား အလုံး အရင်းဖြင့် ဖြန့်ခွဲ ၀င်ရောက် တိုက်ခိုက်မှု အခြေအနေများ၊ ဘင်္ဂါလီ အချင်းချင်း အကြမ်းဖက်မှု ၌ မပါဝင်သူ နှင့် သဘော မတူသူများကို လည်လှီး သတ်ဖြတ်ခဲ့မှု အခြေအနေများ၊ ၂၀၁၂ ခုနှစ် ဖြစ်စဉ်၌ ရပ်ကွက်/ကျေးရွာများ အတွင်းသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖြစ်စဉ် တွင် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့ ၀င်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ် လာကာ ၂၀၁၇ ခုနှစ် ဖြစ်စဉ်၌ အရပ်သားများ၊ ရဲစခန်းများ အပြင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော အမြင့်ဆုံး လုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် တပ်ဌာနချုပ်များ ကိုပါ ၀င်ရောက် တိုက်ခိုက်ခဲ့သည့် အခြေအနေများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဒေသခံ တိုင်းရင်းသား ရခိုင်ကျေးရွာ များအပေါ် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီ အင်အား အလုံး အရင်းဖြင့် တိုက်ခိုက် လာမှုကြောင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားနှင့် မလုံ လောက် တော့၍ လုံခြုံရေး အင်အား ထပ်မံ ဖြည့်တင်း ခဲ့ရသည့် အခြေအနေများ၊ ရခိုင် ပြည်နယ် အတွင်း အမြန်ဆုံး ပြန်လည် တည်ငြိမ် အေးချမ်းရေး အတွက် စစ်ဆင်ရေး ဆောင် ရွက်ရာတွင် နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်များ၊ ခွင့်ပြုချက်များ နှင့် ထုတ်ပြန် ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ ဥပဒေများ နှင့်အညီ နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ ၂၀၁၇ ခု နှစ်၊ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက် နောက်ပိုင်း လုံခြုံရေး အကူအညီ အင်အားဖြည့် ရောက်ရှိ နေသည့် တပ်မတော် စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာ ခဲ့ပြီးနောက် ဘင်္ဂါလီများ အစုလိုက် အပြုံလိုက် ထွက်ပြေးမှုနှင့် ဘင်္ဂါလီ ကျေးရွာများ မီးရှို့ခံရမှု အခြေအနေ အပေါ် နိုင်ငံတော် အစိုးရနှင့် တပ်မတော်မှ တွေ့ရှိရမှု အခြေအနေများ၊ တပ်မတော်မှ ဒုတိယ ဗိုလ် ချုပ်ကြီး ၁ ဦး ဦးဆောင်၍ ပဋိပက္ခ ကာလအတွင်း ဖြစ်ပွား နိုင်သည့် လူ့အခွင့်အရေး ချိုး ဖောက်မှု နှင့် ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ကျူးလွန် ခဲ့ခြင်း ရှိ/မရှိ၊ ထုတ်ပြန် ထားသည့် Rule of Engagement နှင့် ဒေသန္တရ စစ်ဆင် ရေး အမိန့်၊ အုပ်ချုပ်မှု အမိန့်များ အပေါ် လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိနှင့် ဖောက်ဖျက် ကျူး လွန်မှု ရှိ/မရှိတို့အား ရခိုင် တိုင်းရင်းသား ကျေးရွာ ၂ ရွာ၊ ဟိန္ဒူ ကျေးရွာ ၂ ရွာနှင့် ဘင်္ဂါလီ ကျေးရွာ ၅၄ ရွာမှ ရွာသူ/ ရွာသား ၃၂၁၇ ဦးကို တွေ့ဆုံ မေးမြန်း ခဲ့ပြီး အသိသက်သေ ၈၀၄ ဦး၏ သက်သေ ထွက်ဆိုချက် များကို ရယူစစ်ဆေး ဆောင်ရွက်မှု အခြေအနေ များအား ဆွေးနွေး ပြောကြား သည်။

ဆက်လက်၍ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် အနီးကပ် ကွပ်ကဲရ သည့် တပ်မှူးကြီး ၁ ဦး၊ နယ်မြေအလိုက် ကွပ်ကဲရသည့် တပ်မှူးကြီး ၁ ဦး တို့ကိုလည်း ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက် အပေါ် လက်အောက်မှ အကောင်အထည် ဖော် နိုင်ရေး ကြပ်မတ် အားထုတ်ရန် အားနည်းချက်ကြောင့် တာဝန်များ ရွှေ့ပြောင်း၍ လိုအပ်သလို စစ်ဆေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ဆေး ပြီးနောက် တာဝန်ရှိမှု တို့ကြောင့် အဆိုပါ အရာရှိကြီး ၂ ဦးအား တပ်မတော်မှ အချိန်မတိုင်မီ အငြိမ်းစား ပေးခဲ့မှု၊ တာဝန်မှ ရပ်စဲ ခဲ့ရမှု အခြေ အနေအပြင် တပ်မတော် အနေဖြင့် ထုတ်ပြန် ထားသည့် စစ်ဘက်ဥပဒေ နှင့် ရာဇ သတ်ကြီး ပုဒ်မများအား ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုကျူးလွန်မှု အပေါ် မူတည်၍ ထိထိ ရောက်ရောက် အရေးယူမှု အခြေအနေများအား ဆွေးနွေး ပြောကြား သည်။

၎င်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က ဆက်လက် ပြောကြား ရာတွင် ဖြစ်စဉ်ဖြစ်ရပ် များ၏ သက်သေ အထောက်အထား အချက် အလက် များအား မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ အေပြီ ၃၀ ရက်တွင် ရောက်ရှိ လာသည့် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှ သံတမန်များ အပါအ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် သံတမန် အဖွဲ့တိုင်းအား လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ ထံသို့ လည်းကောင်း၊ အချိန်နှင့် တစ်ပြေးညီ ဖြစ်စဉ် အမှန်များ သိရှိ စေရေး ဖြန့်ဝေခြင်း၊ ရှင်းပြခြင်းများ ပြုလုပ် ခဲ့သော်လည်း နိုင်ငံတကာမှ ယနေ့ အချိန်ထိ ဖြစ်စဉ် အမှန်များ သိရှိမှု အားနည်းနေသည့် အခြေအနေများအား ပြောကြားပြီး ပြုစု ထားသည့် အချက်အလက်များ၊ ဓာတ်ပုံ မှတ်တမ်းများ၊ ထုတ်ပြန်ထားသည့် သတင်းများ အပေါ် အသေးစိတ် ရှင်းလင်း ဆွေးနွေးပြီးနောက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော် မရှင် အဖွဲ့၏ ဆောင်ရွက်ချက်များ ၌လည်း တပ်မတော် အနေဖြင့် အပြည့်အ၀ လိုအပ် သည်များ ကူညီရန် အသင့် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် Mrs. Rosario Manalo က ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ သက်သေခံ အချက် များ အပေါ် မူတည်ပြီး မှန်ကန် မျှတသော အဖြေကို ရှာဖွေ ဖော်ထုတ်ကာ နိုင်ငံတကာကို ဖြေရှင်း ဆောင်ရွက် သွားမည့် အခြေအနေများ အား ရင်းနှီး ပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေး ခဲ့ကြပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရခိုင်ပြည်နယ် ဖြစ်စဉ် ဖြစ်ရပ်အမှန် အချက်အလက်များ၊ ဓာတ်ပုံ အထောက် အထားများ၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်း ဆိုင်ရာ စာအုပ်များအား လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ထံသို့ ၁ ဦးချင်း ပေးအပ်သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့မှ အဖွဲ့ဝင်များ နှင့်အတူ အမှတ် တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment