Pages

Friday, August 24, 2018

ဘိလပ်မြေဈေးကွက် အေးနေသော်လည်း ပြည်ပမှ မှာယူတင်သွင်းမှုများပြား



နေပြည်တော် ၂၄-၈-၂ဝ၁၈

မိုးကာလ ဘိလပ်မြေ ဈေးကွက် အေးစက်နေသော်လည်း ပြည်ပမှ ဘိလပ်မြေ မှာယူတင်သွင်းမှု သိသိသာသာတိုးတက် များပြားလာနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်း များအရ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းများသည် မိုးကာလတွင် ရာသီဥတု အခြေအနေများအရ လုပ်ငန်းတွင်ကျယ်မှု မရှိသောကြောင့် အချို့သော ဆောက်လုပ်ရေး လုပ်ငန်းများသည် လုပ်ငန်းများကို လျှော့ချလုပ်ကိုင် ဆောင်ရွက်နေကြပြီး အချို့သော ဆောက်လုပ်ရေး လုပ်ငန်းများမှာ လုပ်ငန်းများ ရပ်ဆိုင်းနေကြပြီး ပွင့်လင်းရာသီ ရောက်မှသာ အရှိန်အဟုန်မြင့်၍ ပြန်လည်လုပ်ကိုင် ဆောင်ရွက်လေ့ရှိသည်။ ထို့ကြောင့် မိုးဦးကာလဇွန်လမှ စတင်ကာ ဆောက်လုပ် ရေးလုပ်ငန်းများ၏ အဓိကလိုအပ်ချက် ဖြစ်သည့် ဘိလပ်မြေဈေးကွက် များမှာလည်း ဈေးကွက်အေးစက် နေခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းဘိလပ်မြေ ဈေးကွက်အေးစက် နေသော်လည်း သြဂုတ်လဆန်းပိုင်းတွင် ပြည်ပမှ ဘိလပ်မြေတင်သွင်းမှာ ယူမှုများမှာ သိသိသာသာမြင့်တက် လာခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန သတင်းများအရ သြဂုတ် ၅ ရက်မှ ၁၁ရက်အတွင်းတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃၅၈၂၅တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၅၂၉ ဒသမ ၄၅တန်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေတန်ချိန် ၁၂ဝ၃ဝ တန်တင်သွင်း ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်မှ သြဂုတ် ၄ရက်အတွင်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ ဘိလပ်မြေတန်ချိန် ၃၄၃ဝ ဒသမ ၄၆၃တန်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဘိလပ်မြေတန်ချိန် ၁၃၇၆တန် တင်သွင်းခဲ့ရသောကြောင့် သြဂုတ်လဆန်းပိုင်းတွင် ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ပြည်တွင်း ဈေးကွက်အေးစက် နေပြီးပြည်ပမှ တင်သွင်းမှု မြင့်တက်နေခြင်းမှာ မကြာမီရောက်ရှိ လာတော့မည့် ပွင့်လင်းရာသီအတွက် ကြိုတင်မှာယူ နေမှုများနှင့် ယခင်မှာယူထားသည့် ဘိလပ်မြေတင်သွင်းမှု များကြောင့် ဖြစ်ကြောင်း ဈေးကွက်သတင်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment