Pages

Thursday, August 30, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်တွင် ရွှေတူးဖော်လိုသူများ လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများခေါ်ယူ



ပဲခူး ၃ဝ-၈-၂ဝ၁၈

ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ် သုံးမြို့နယ်ရှိ မြေဧက ၁၆ဝဝဝ ကျော်တွင် ရွှေတူးဖော်ရေး လုပ်ကိုင်လိုသော လုပ်ငန်းရှင်များ အောက်တိုဘာလတွင် လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု အစိုးရက ရွှေလုပ်ငန်းနှင့် ပတ်သက်သော နည်းဥပဒေကို ယခုနှစ် မတ်လက ထုတ်ပြန်သဖြင့် တိုင်းဒေသကြီးအစိုးရက လုပ်ငန်းရှင် တစ်ဦးလျှင် မြေလေးဧကစီ ရွှေတူးဖော်ခွင့် ချမှတ်ပေးနိုင်ပြီး မြေလေးဧကနှင့် အထက် တူးဖော်လိုသူများ ပြည်ထောင်စု အစိုးရထံ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အရင်တုန်းက ရွှေလုပ်ကွက်မှန်သမျှကို ပြည်ထောင်စု အစိုးရက ခွင့်ပြုခဲ့တာပါ။ အခု နည်းဥပဒေ ထွက်လာတဲ့အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ မြေလေးဧက ခွင့်ပြုလို့ရသွားပါပြီ။ လုပ်ငန်းလုပ်ကိုင် လိုသူတွေကို လျှောက်လွှာတွေ စုဆောင်းပြီး ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းပါမယ်။ မီနီဘတ်ဂျက်အလွန် အောက်တိုဘာလမှာ လုပ်ငန်းစတင် နိုင်အောင်ခွင့်ပြု ပေးသွားမှာပါ။ လုပ်ငန်းရှင်တွေရဲ့ အရည်အသွေးတွေ စစ်ဆေးရမယ်။ လုပ်ကွက်နေရာကိုလဲ စစ်ဆေးရပါမယ်။ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပပျောက်သွားအောင် ဆောင်ရွက်သွားမှာပါ"ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment