နေပြည်တော် ၂၉-၈-၂ဝ၁၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား သြဂုတ်၂၇ ရက် ညနေပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ အဖွဲ့ဝင်များအတွက် ဝတ်စုံများ၊ ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်၄၉ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ တုပ်ကွေးရောဂါ၊အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily





No comments:
Post a Comment