Pages

Wednesday, August 29, 2018

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်






နေပြည်တော်   ၂၉-၈-၂ဝ၁၈

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည့်ဇာနည်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ  တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ဗိုလ်လုပွဲပွဲစဉ်များဖြစ်သည့်  နှစ်ယောက်တွဲပြိုင်ပွဲတွင် မော်လမြိုင်တပ်နယ် အသင်းနှင့် မုဒုံတပ်နယ်အသင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင်  သထုံတပ်နယ်အသင်းနှင့် ကျိုက်ထိုတပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆုများ ရရှိကြသည့် နှစ်ယောက်တွဲ ပြိုင်ပွဲတွင်  မော်လမြိုင်တပ်နယ် အသင်းနှင့် သုံးယောက်တွဲပြိုင်ပွဲတွင်    သထုံတပ်နယ် အသင်းတို့အား  တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါပိုက်ကျော်ခြင်း ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် သြဂုတ်၂၄ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment