Pages

Friday, August 31, 2018

အောက်တိုဘာလတွင် မလေးရှား ကစားသမားနှင့် ယှဉ်ပြိုင်မည်ဟု ဖိုးသော် အတည်ပြု



ရန်ကုန် ၃၁-၈-၂ဝ၁၈

ဒဏ်ရာကြောင့် အနားယူ နေရသော MMA ကစားသမား ဖိုးသော်သည် ဒဏ်ရာမှ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် အောက်တိုဘာလတွင် မလေးရှား MMA ကစားသမား ကနူးဆူးဘားနှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဖိုးသော်က အတည်ပြုပြောသည်။

အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပိုင်ရှင် အောင်လ အန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲလည်း ပါဝင်မည် ဖြစ်သည်။

''မျက်လုံး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး အနားယူ နေရတာပါ။ ဒါပေမဲ့ လေ့ကျင့်လို့ ရတဲ့ အပိုင်းတွေကိုတော့ လေ့ကျင့်နေပါတယ်။ အရင်ပွဲတွေ မယှဉ်ပြိုင်ဖြစ်တဲ့အတွက် One Championship က ကျွန်တော့်ကို အခု နောက်တစ်ပွဲ စီစဉ်ပေးတာပါ'' ဟု ဖိုးသော်က ပြောသည်။

One Championship သည် မူလက ဖိုးသော်နှင့် ယှဉ်ပြိုင်ရန် အမေရိကန် ကစားသမား တစ်ဦးနှင့် စီစဉ်ထားခြင်း ဖြစ်ပြီး ယင်းကစား သမားမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် မလေးရှား နိုင်ငံသား ကနူးဆူးဘားနှင့် ယှဉ်ပြိုင်ရန် စီစဉ်ပေးခြင်း ဖြစ်သည်။

ဖိုးသော်သည် MMA ပြိုင်ပွဲတစ်လျှောက် ပြည်တွင်းကစား သမားများနှင့် ငါးပွဲ၊ ပြည်ပ ကစားသမားနှင့် တစ်ပွဲ ယှဉ်ပြိုင်ထားပြီး ခြောက်ပွဲစလုံး အနိုင်ရရှိထားသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်က နောက်ဆုံး ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတွင် ကမ္ဘောဒီးယား နိုင်ငံသား ဆိုဆေးကို ပထမအချီအတွင်း ခြေကန်ချက်ဖြင့် အနိုင် ယူထားကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment