Pages

Monday, July 9, 2018

ငွေကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ တရားမဝင် ကျွန်းသစ်ခွဲသားများ ဖမ်းမိ



မန်စီ ၉-၇-၂ဝ၁၈

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ငွေကျပ် သိန်း ၃ဝကျော်တန်ဖိုးရှိ တရားမဝင်ကျွန်း သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်မြင့်ထူးနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၇ရက် နံနက် ၈နာရီ မိနစ် ၃ဝက မန်စီမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မန်စီမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တော ဝန်ထမ်းများနှင့် ပူးပေါင်း၍ တရားမဝင်သစ်များ သယ်ဆောင်မည့် ကြိုတင်သတင်းအရ မန်စီမြို့နယ် မန်မကောက်ကျေးရွာအနီး ဗန်းမော်မန်စီသွား ကားလမ်း၌ ကြိုတင်စောင့်ဆိုင်းနေစဉ် အောင်ဇော် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် မြင့်ကြိုင်၊ လွင်စိုးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၃ခ/---ဒေါင်ဖန်းအမျိုးအစား ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် ငွေကျပ်၃ဝ၁၂၄၈ဝ တန်ဖိုးရှိ ကျွန်းသစ်ခွဲသား ၆၆၉ချောင်း အလေးချိန် ၁ဝ ဒသမ ၁၄၁၆ တန်ကိုရှာဖွေ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မော်တော်ယာဉ်နှင့်အတူ ကပ်လျက် လိုက်ပါလာသည့် ဆိုင်ကယ်မောင်းနှင်လာသူ သစ်ပိုင်ရှင် မအားနန်၊ မနန်လွမ်တို့ကို ဆက်လက်စစ်ဆေးရာ မနန်လွမ်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ မြန်မာငွေကျပ် သိန်း ၃ဝ ကို ထပ်မံသိမ်းဆည်းရ မိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇော်၊ မြင့်ကြိုင်၊ လွင်စိုး မဘိမ်းမြို့နယ် နေသူသုံးဦးနှင့် အားနန်လွယ်ဂျယ်မြို့နေသူ၊ နန်လွမ် မန်စီမြို့နေသူတို့ကို မန်စီမြို့မရဲစခန်းက (ပ)၁၉/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment