Pages

Tuesday, July 24, 2018

စစ်ကိုင်းတိုင်းဒေသကြီးတွင် မီးလောင်မှုကြောင့် ငွေကျပ်သန်း ၁၇၀၀ ကျော် ဆုံးရှုံးခဲ့



မုံရွာ ၂၄-၇-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က မီးလောင်မှုကြောင့် ငွေကျပ်သန်း ၁၇ဝဝ ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်က မီးလောင်မှု ဖြစ်ပွားမှု အခြေအနေမှာ မီးဖိုမီးကြောင့် မီးလောင်မှု ၃၂ ကြိမ် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၆၂၈၆၃၅၃ဝဝ၊ ပေါ့ဆမီးကြောင့် မီးလောင်မှု ၆၂ကြိမ် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၅၆၁၅၉၅ဝ၊ လျှပ်စစ်မီးကြောင့် မီးလောင်မှု ၄၈ ကြိမ်ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်၃ဝ၁၈၂၆၅ဝ၊ ရှို့မီးကြောင့် မီးလောင်မှု ၃၈ကြိမ် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၆၆၃၈၄၅ဝ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အလိုအလျောက်မီးကြောင့် မီးလောင်မှု ခုနစ်ကြိမ်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၆၅၃ဝဝဝဝ၊ တောမီးငါးကြိမ် လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၈၂၂ဝဝဝ၊ မိုးကြိုးမီး တစ်ကြိမ်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၁၂၅ဝဝ ဆုံးရှုံးခဲ့၍ စုစုပေါင်းမီးလောင်မှု ၁၉၃ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်း ၁၇၃၉ ဒသမ ၅၃၆၈၅ ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment