Pages

Thursday, July 26, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၆-၇-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Paul R. Seger အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့်အတူ ဒုတိယသံအမတ်ကြီး Mr. Giacomo Solari နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးတွင် ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဥပဒေတို့နှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ NCA လက်မှတ် မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုလျက် ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ပကတိအခြေအနေမှန်များကို နေရာသစ်၌ တာဝန် ထမ်းဆောင်ချိန်တွင် တတ်နိုင်သရွေ့သိရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment