Pages

Monday, July 23, 2018

ရွှေခါးပတ်ချန်ပီယံ လုပြိုင်ပွဲတွင် ထွန်းထွန်းမင်း (မြန်မာ) နှင့် ဆိုင်းယော့ (ထိုင်း)တို့ ပူးတွဲသရေဖြင့်သာ ပွဲပြီးဆုံး



ရန်ကုန် ၂၃-၇-၂ဝ၁၈

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး H&S Group နှင့် ကီးမားဦးတင်ဝင်းတို့ ပူးပေါင်းစီစဉ်သည့် ရွှေခါးပတ်ချန်ပီယံ လုပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ယှဉ်ပြိုင်ထိုးသတ်ခဲကြပြီး အဆိုပါပြိုင်ပွဲတွင် အထူးစိန်ခေါ်ပွဲ စဉ်အဖြစ် ထွန်းထွန်းမင်း(မြန်မာ)နှင့် ဆိုင်းယော့(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အနိုင်အရှုံးရလဒ် မပေါ်ဘဲ ပူးတွဲသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

မြန်မာပြည်အလွတ်တန်း ချန်ပီယံဟောင်း ထွန်းထွန်းမင်းသည် ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ယခုပွဲစဉ်တွင် ပြန်လည် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ် ခဲ့မှုကြောင့် ပရိသတ်အကြိုက် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ထွန်းထွန်းမင်းအနေဖြင့် ၎င်း၏ပုံမှန်တိုက်ကွက် များဖြစ်သည့် အမြင့်ခြေကန်ချက်များ၊ တရစပ်လက်သီးထိုးချက် များအပြင် ခေါင်းတိုက်ချက်များနှင့်ပါဆိုင်းယော့ကို ထိုးသတ်ခဲ့သော်လည်း ဆိုင်းယော့၏ အကောင်းဆုံး တုံ့ပြန်မှုများကြောင့် လက်ရည်တူညီခဲ့ပြီး ပူးတွဲသရေရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံလက်ဝှေ့ လောကတွင် အကောင်းဆုံး ၁ဝ ဦးစာရင်းဝင်သည့် ဆိုင်းယော့၏ အကောင်းဆုံးထိုးသတ်မှု များကြောင့် ထွန်းထွန်းမင်းအနေဖြင့်လည်း အသည်းအသန်ခုခံ ကာကွယ်ခဲ့ရသည်။

ယနေ့ သိမ်ဖြူလက်ဝှေ့ရုံတွင် ထွန်းထွန်းမင်းနှင့် ဆိုင်းယော့တို့ တွဲဆိုင်းအပြင် ၅၄ ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ် သုံးပွဲ၊ ၅၇ ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ် သုံးပွဲ၊ အထူးငါးချီစိန်ခေါ်ပွဲ သုံးပွဲ၊ ၆ဝကီလိုတန်း ကွာတားဖိုင်နယ် ပွဲစဉ်လေးပွဲ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ရွှေခါးပတ်ချန်ပီယံ လုပြိုင်ပွဲ ဝိတ်တန်းသုံးခု၏ ဗိုလ်လုပွဲစဉ်များကို သြဂုတ် ၁ဝရက်တွင် မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment