Pages

Monday, July 30, 2018

ရန်ကုန်မြို့၌ လူထု စုပေါင်း စက်ဘီး သရုပ်ပြစီးနင်း



ရန်ကုန် ၃၀-၇-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် (100 Plus) အား ဖြည့်အချိုရည်က အဓိက ပံ့ပိုး ကူညီ ပူးပေါင်း ကျင်းပသည့် လူထုစုပေါင်းစက်ဘီးသရုပ်ပြ စီးနင်းပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာရှေ့၌ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကိုကြီးနှင့် မရမ်းကုန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ (100 Plus) အားဖြည့်အချိုရည်မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေး စိန်က စက်ဘီးသရုပ်ပြ စီးနင်းပွဲကို သေနတ် ပစ်ဖောက်တာလွှတ်ပေးကာ စက်ဘီးစီးအား ကစားဝါသနာရှင်စုစုပေါင်း ၅ဝဝ ခန့်တို့က အင်းယား ကန်တစ်ပတ်ပတ်ပြီး ကမ္ဘာအေး ဘုရားလမ်းမြကျွန်းသာရှေ့၌ ပန်းဝင်ကြသည်။

ယင်းလူထုစုပေါင်း စက်ဘီးသရုပ်ပြစီးနင်းပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူများ အသက်ရှည် ကျန်းမာရေးနှင့် ရောဂါဘယ ကင်းဝေးစေရေး၊ ပြည်သူလူထုအတွင်းစက်ဘီး စီးအားကစားကို စိတ်ပါဝင်စား လာစေပြီး ပါဝင် လှုပ်ရှားလာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment