Pages

Thursday, July 26, 2018

အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းကို ကျော်၍ တစ်ဖက်ယာဉ်ကြောမှယာဉ်နှင့် တိုက်မိရာ လူရှစ်ဦး ဒဏ်ရာရ



ဖြူး ၂၆-၇-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁ဝ၈/၁) အနီးတွင် ယနေ့နံနက် ၁ဝ နာရီခန့်က ယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်နှင့် တိုက်မိခြင်းကြောင့် နိုင်ငံခြားသား တစ်ဦးအပါအဝင် အမျိုးသားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်လာသော Mitsubishi RVR အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်၍ တစ်ဖက်ယာဉ်ကြောအတိုင်း မောင်းနှင်လာသည့် Prado ခဲရောင်ယာဉ်ကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် TAN JUN XZONG ဆိုသူ နိုင်ငံခြားသားမှာ ခြေထောက်ဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး ကျန်ခုနစ်ဦးနှင့်အတူ ရဲဆေးစာဖြင့် ဖြူးမြို့နယ် ပြည်သူဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဇေယျကို ဖြူးအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment