Pages

Monday, July 23, 2018

မန္တလေးကားဈေးကွက် ကောင်းမွန်ရေး မူဝါဒများဖြေလျှော့ပေးရန် လိုလား



မန္တလေး ၂၃-၇-၂ဝ၁၈

မန္တလေးမြို့ ကားအရောင်းအဝယ် ဈေးကွက်ပြန် လည်ကောင်း မွန်လာစေရေး မူဝါဒများကို ပြန်လည် ဖြေလျှော့ ပေးစေလိုကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်း ၆ဝ ကားရောင်းဝယ်ရေး စခန်းမှ အတွင်းရေးမှူး ဦးရဲညွန့်က ပြောပြသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ကားမျိုးစုံ အရောင်းအဝယ်မှာ ရပ်တန့်လုနီးပါး ထိရှိပြီး တစ်ပတ်ရစ် ညာမောင်းကားအချို့သာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ရုံသာ ရှိကြောင်း၊ ယခင်မူဝါဒ မပြောင်းလဲမီ ကားမျိုးစုံ သက်တမ်းတိုးရာတွင် စည်ကမ်းချက်နှင့် ကိုက်ညီမှု မရှိသည့်ယာဉ်များကို ဒဏ်ငွေရိုက် အရေးယူမှုသာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ မူဝါဒအသစ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သောကြောင့် ကားအရောင်းအဝယ် ရပ်တန့်နေကြောင်း သိရသည်။

ယခုလက်ရှိ မူဝါဒအသစ်အရ ကားများကို သက်တမ်းတိုးမှုများ ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စစ်ဆေးမှုများ ပြုလုပ်ကာ မူဝါဒအရ စည်းကမ်းသတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့် ကားများကိုသိမ်းဆည်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ မန္တလေးမြို့ကားဈေးကွက် ယခင်ကအတိုင်း အရောင်းအဝယ်ပြန်လည် ကောင်းမွန်လာစေရန်အတွက် သက်ဆိုင်ရာအနေဖြင့် မူဝါဒများကို ပြန်လည်ဖြေလျှော့ ပေးစေလိုကြောင်း သိရသည်။

"ကားတွေက အရင်ကတည်းက ဈေးကွက်ထဲဝင်လာတဲ့ ကားတွေရှိတယ်။ ဒီကားတွေကို Body တွေပြောင်း၊ ဂျပန်ကားအင်ဂျင် ဒီဇိုင်းပုံစံက အစပြောင်းပြီး အရောင်းအဝယ် လုပ်ကြတယ်။ ဒီကားတွေဝယ်ပြီး သက်တမ်းသွားတိုးရင် မူဝါဒအသစ်နဲ့ လုံးဝမကိုက်ညီလို့ သိမ်းလိုက်တာတွေရှိတယ်။ ဒါကြောင့် တချို့အရောင်းအဝယ် လုပ်သူတွေ ဆိုအရောင်းအဝယ် သိပ်မလုပ်ရဲ ကြတော့ဘူး" ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုလက်ရှိ မန္တလေးမြို့ကား အရောင်းအဝယ် ဈေးကွက်တွင် ငွေကျပ်သိန်း ၁ဝဝတန်ကျော် ကားများသာ အရောင်းအဝယ် ဖြစ်နေပြီး ငွေကျပ်သိန်း ၅ဝဝ နှင့် အထက်ကားများမှာ အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ကားအရောင်းအဝယ် ပြုလုပ်သူများ အနေဖြင့် အရောင်းအဝယ်ပြန်လည် ကောင်းမွန်စေရေးအတွက် မူဝါဒများကို ဖြေလျှော့ ပေးစေလိုကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment