Pages

Tuesday, July 31, 2018

လားရှိုး-မိုင်းယော်သွားကားလမ်း ရေကျော်၍ သွားလာရေးခက်ခဲ



လားရှိုး ၃၁-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရေကြီးရေလျှံမှုကြောင့် လားရှိုး-မိုင်းယော်သွား ကားလမ်းရေကျော်၍ မဲလုံးတံတား ရေမြုပ်သွားသောကြောင့် ယနေ့တွင် ဒေသခံများ ခရီးသွားလာရေးခက်ခဲ လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇူလိုင် ၂၈ရက် ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ များပါကျဆင်းလာခဲ့ရာမှ ရပ်ကွက်အများအပြား ရေမြုပ်ခြင်း၊ ရပ်ကွက် (၁၂) နယ်မြေ(၂ဝ)၊ စမ်းချောင်းရပ်ရှိ မဲလုံးတံတား ရေမြုပ်ခြင်း၊ လားရှိုး-မိုင်းယော်သွား ကားလမ်း ရေကျော်ခြင်းကြောင့် ခရီးသွားပြည်သူများ သွားလာရေး ခက်ခဲနေရကြောင်း သိရသည်။

"အခုက မဲလုံးတံတား ရေမြုပ်ပြီးတော့ လမ်းရေကျော်တာကို ကူညီပေးနေပါတယ်။ မြို့ရှောင်လမ်းမှာ သစ်ပင်ကျိုးတာတွေကို ဖယ်ရှားပေး နေပါတယ်။ ခရီးသွားပြည်သူတွေ အခက်အခဲမဖြစ်အောင် ကူညီပေးနေတာပါ"ဟု လားရှိုးမီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းသောင်းက ပြောပြသည်။

လားရှိုးမြို့တွင်းရှိ ရေမြုပ်နေသော အိမ်များကို လိုက်လံကူညီပေးနေပြီး ရေချောင်းတွင် မျောပါသွားသော ယာဉ်ပေါ်မှ ယာဉ်မောင်းကိုလည်း ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက လိုက်လံရှာဖွေ ပေးနေကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

လားရှိုး-မိုင်းယော်သွား လမ်းသည် ယနေ့မွန်းလွဲပိုင်းထိ ရေပြန်မကျသေးဘဲ မိုးဆက်လက်ရွာသွန်း မည်ဆိုပါက စိုးရိမ်ရသော အခြေအနေရှိပြီး မြို့တွင်းမှ ရေများဆင်း လာခြင်းကြောင့် ကားလမ်းများ ရေကျော်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment