Pages

Wednesday, July 4, 2018

ရာနှုန်းပြည့်အော်ဂဲနစ် သီးနှံများထုတ်လုပ်နိုင်ရေးအတွက် အော်ဂဲနစ်သင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၄-၇-၂ဝ၁၈

တောင်သူများ ဝင်ငွေတိုးစေမည့် ရာနှုန်းပြည့် အော်ဂဲနစ်သီးနှံများ ထုတ်လုပ်နိုင်ရန် အခြေခံအော်ဂဲနစ် သင်တန်းကို ရန်ကုန်မြို့၌ ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း အော်ဂဲနစ်တာဝန်ခံ ဒေါက်တာဝင်းထွဋ်ထံမှ သိရသည်။

အဆိုပါ သင်တန်းကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးခန်း၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ချင်သူတွေအတွက် အခြေခံသင်တန်း ဖွင့်လှစ် ပေးတာပါ။ အခြေခံကနေစပြီး သင်ကြား ပြသပေးသွားမှာပါ'' ဟု ဒေါက်တာဝင်းထွဋ်က ပြောသည်။

တောင်သူဦးကြီးများ အတွက် အဆင်ပြေစေရန် သင်တန်းတွင် မြန်မာစာတတ်သည့် အဆင့်မှစတင် လက်ခံပေးမည် ဖြစ်ကာ မြေကျန်းမာရေး၊ ရေကျန်းမာရေး၊ စိုက်ပျိုးရာတွင် အစားအသောက်များတွင် ရှိသင့်သည့် စံချိန်စံညွှန်း များအား ထည့်သွင်းသင်ကြား ပေးမည်ဖြစ်သည်။

ထို့ပြင် သင်တန်းတက်ရောက် ခြင်းအားဖြင့် စိုက်ပျိုးသူများမှာ မိမိတို့စိုက်ပျိုးသည့် သီးနှံများကြောင့် သဘာဝပတ်ဝန်းကျင် နှင့်မြေယာများ၌ ဇီဝဗေဒအဆိပ်သင့်မှုများ မရှိနိုင်တော့ဘဲ ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်များ ကိုထုတ်လုပ် နိုင်မည့်အပြင် တခြားသူများအား ရောင်းချပေးနိုင်မည့် အော်ဂဲနစ်သီးနှံများကို ရာနှုန်းပြည့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment