Pages

Monday, June 11, 2018

ခင်ဦးမြို့၌ ဆိုင်ကယ်ခိုးယူ လာသူတစ်ဦး ဖမ်းဆီးရမိ



ခင်ဦး ၁၁-၆-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့၌ ဇွန် ၉ရက် ည ၁ဝ နာရီခန့်က ဆိုင်ကယ်ခိုးယူ လာသူတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ဇော်ထက်၊ တပ်ကြပ် အေးမင်းဆန်း၊ ဒုတိယတပ်ကြပ် သူရထွန်း၊ ဒုတိယတပ်ကြပ် ကျော်မျိုးထွန်းတို့သည် သက်သေများနှင့်အတူ နယ်မြေအတွင်း လုံခြုံရေးလှည့်ကင်း ဆောင်ရွက် နေစဉ် မြို့ဝင်တံတား အရောက်၌ မြေနီရှိုလမ်းဆုံဘက်မှ ခင်ဦးမြို့ဘက်သို့ လူငယ်တစ်ဦး စီးနင်းလာသော နံပါတ်မပါ TARYAN 125 အနက်ရောင် ဆိုင်ကယ်တစ်စီးကို မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဖိုးငယ်(ခ) တင်မောင်မောင်နိုင် (ဘ) ဦးကျော်နိုင် အောင်မင်္ဂလာရပ် ခင်ဦးမြို့ နေသူဖြစ်ပြီး ၎င်းစီးလာသောဆိုင်ကယ်နှင့် လွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ ငွေကျပ် ၂ဝဝ၆ဝဝ ကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖိုးငယ် (ခ) တင်မောင်မောင်နိုင်ကို ခင်ဦးမြို့မရဲစခန်းက (ပ) ၂၄၈/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉/ကျင့်-၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment