Pages

Friday, June 8, 2018

မိုင်းခတ်မြို့နယ်၊ တောင်သုံးလုံး ကျေးရွာအနီး၌ ငွေကျပ်သိန်းပေါင်း ၄၇ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ



နေပြည်တော် ၈-၆-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်အုပ်စု၊ တောင်သုံးလုံး ကျေးရွာအနီး၌ ဇွန် ၆ ရက် နံနက် ၁ဝနာရီမိနစ် ၄ဝ ခန့်တွင် ငွေကျပ်သိန်းပေါင်း ၄၇ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းခတ်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တောင်သုံးလုံး ကျေးရွာ၏ မြောက်ဘက် မီတာ ၁၂ဝဝ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် Haujue  အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို စစ်ဆေးမေးမြန်းစဉ် ဆိုင်ကယ်မောင်းနှင်သူမှာ ဆိုင်ကယ်ကို ရပ်တန့်၍ ထွက်ပြေး သွားခဲ့သည်။

ရပ်တန့်ထားသည့် မော်တော် ဆိုင်ကယ်ကို စစ်ဆေးစဉ် ဆိုင်ကယ် အရှေ့ခွကြား၌ တင်ဆောင်လာသည့် ပီနံအိတ်အတွင်းမှ အိုက် ၁၉ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၄၇ဝဝကျော်)ကို သိမ်းဆည်းရမိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သိမ်းဆည်းရမိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများကို မိုင်းခတ်မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment