Pages

Wednesday, June 27, 2018

စားပွဲတင်ပန်ကာ မော်တာ အပူလွန်ကဲပြီး နေအိမ်အပေါ်ထပ် မီးလောင်မှုဖြစ်ပွား



မြစ်ကြီးနား ၂၇-၆-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် နယ်မြေ (၁ဝ) အိမ်အမှတ်(၂ဝဝ)တွင် ဇွန်၂၅ ရက်နံနက် ၁၁နာရီ ၁၅မိနစ်က နေအိမ်အပေါ်ထပ်ရှိ စားပွဲတင်ပန်ကာ ဖွင့်ထားရာမှ မော်တာအပူလွန်ကဲပြီး အိပ်ရာပေါ်သို့လဲကျကာ နေအိမ်အပေါ်ထပ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် နယ်မြေ(၁ဝ)ရှိ ဒေါ်အားရင် (ဘ)ဦးကွေဖန်၏နေအိမ်တွင် မီးလောင်နေကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူ ဦးစီးသော သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးက မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေ သယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ်၎ဝတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကို တာဝန်ရှိသူများက စစ်ဆေးရာ အိမ်ရှင် ဒေါ်အားရင်၏ အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိသွပ်မိုး၊ထရံကာ၊ အပေါ်ထပ်ပျဉ်ခင်း၊ အောက်ထပ်ကွန်ကရစ်ခင်း၊နှစ်ထပ် လူနေအိမ်ရှိစားပွဲတင် ပန်ကာဖွင့်ထားရာမှ မော်တာအပူလွန်ကဲပြီး အိပ်ရာပေါ်သို့လဲကျကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဒေါ်အားရင်၏ နေအိမ်အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ် ၆၇၅ဝဝဝ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အားရင်ကို မြစ်ကြီးနားနယ်မြေ ရဲစခန်းက (ပ)၁၆၂/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment