Pages

Wednesday, June 6, 2018

အင်းဝဘဏ် လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲ ဖွင့်လှစ်




နေပြည်တော် ၆-၆-၂ဝ၁၈

အင်းဝဘဏ် လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲတွင် ပြုလုပ်ရာ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေ၊ အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ငွေဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေး မှူးနှင့်အင်းဝဘဏ် လီမိတက်အုပ်ချုပ်မှု ဒါရိုက်တာတို့က ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ်က အင်းဝဘဏ်လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူ များနှင့်အတူ ဘဏ်အတွင်းသို့ လှည့်လည်ကြည့်ရှု ကြသည်။

ယနေ့ဖွင့်လှစ်သော အင်းဝဘဏ် လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ ဘဏ်ခွဲ ၅ဝ မြောက် ဘဏ်ခွဲဖြစ်ပြီး ဥတ္တရသီရိမြို့ အကွက်အမှတ် (၃) ဇဝနသိဒ္ဓိရပ်ကွက် ကျိုင်းတုံလမ်းနှင့် ပဲခူးလမ်းထောင့်တွင်တည်ရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်းစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများအကြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူ ချောမွေ့စွာ လည်ပတ်နိုင်ရန် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်းဝဘဏ် လီမိတက်အနေဖြင့် ပြည်တွင်း ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူတို့၏ သဘောဆန္ဒ အလျောက်စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြား အပေါ်မူတည်၍ ၁ဝ ရာခိုင်နှုန်းထိ အတိုးနှုန်း ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီးလုပ်ကိုင် လိုသူများအတွက်လည်း ငွေအရင်းအနှီးများ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment