Pages

Thursday, June 7, 2018

ကျောက်ဆည်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိ



ကျောက်ဆည် ၇-၆-၂ဝ၁၈

ကျောက်ဆည်မြို့တွင် ယာဉ်ကြောရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ် လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အမှတ် (၉၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်စုမှူးရဲအုပ် ကျော်စိုးလွင် ဦးစီးအဖွဲ့သည် ဇွန် ၅ ရက် ညနေ ၄နာရီခန့်က မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်း ရွှေရတီမီးပွိုင့်တွင် ယာဉ်ကြော ပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်မဖြစ်ပွား စေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် လမ်းမကြီးအတိုင်း မန္တလေးဘက်သို့ ဦးချစ်ပို (ဘ) ဦးမြမောင် လောကဓမ္မရပ်ကွက် လွိုင်ကော်မြို့နေသူ မောင်းနှင်လာသည့် 2D/---- နံပါတ်ပါ TOYOTA Probox ယာဉ်ကို စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ မော်တော်ယာဉ်နှင့် ပတ်သက်သော ခိုင်လုံသည့် သက်သေအထောက်အထား မပြသနိုင်သည့်အပြင် ယာဉ်မောင်း ဦးချစ်ပိုကလည်း လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း ပြောကြားသဖြင့် သက်သေဖြစ်သူ ဖောင်ရွာ ရပ်ကွက်နေဦးအောင် ကိုလင်းနှင့် စုကြီးရပ်ကွက်နေ ဦးအေးလွင်တို့ရှေ့တွင်ယာဉ်ကို သိမ်းဆည်းခဲ့သည်။ထို့ကြောင့် ရဲအုပ်ကျော်စိုးလွင်က လိုင်စင်မဲ့မော်တော်ယာဉ် လက်ဝယ်ထားရှိမောင်းနှင်သူ ချစ်ပိုကိုဥပဒေအရ အရေးယူပေးရန် သက်သေခံ မော်တော်ယာဉ်နှင့် အတူ ကျောက်ဆည်မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ပိုကို ကျောက်ဆည်မြို့မရဲစခန်းက (ပ) ၄၆၂/၂ဝ၁၈၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ-၈/၁ဝဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment