Pages

Thursday, June 7, 2018

ရှေးဟောင်းလက်ရာကဲ့သို့ အသစ်ပြန်လည်ဆန်းသစ် ဖန်တီးထားသည့် ပျူပုတီးကို ပြည်ပဝယ်လိုအား ပိုမိုများပြား



ရန်ကုန် ၇-၆-၂ဝ၁၈

ရှေးဟောင်းပျူပုတီး လက်ရာအား ပြန်လည်ဆန်းသစ် ဖန်တီးထားသည့် ပျူပုတီးများကို ပြည်တွင်းထက် ပြည်ပဝယ်လိုအား ပိုမိုများပြားလာကြောင်း ကိုထိုက်ရိုးရာ ပုတီးလုပ်ငန်းပိုင်ရှင် ကိုထိုက်က ပြောသည်။

''ဝယ်လိုအားက ပြည်တွင်းမှာ အလှဝတ်တာရှိတယ်။ မြတ်နိုးလို့ ဝတ်တာရှိတယ်။ ဝါသနာပါတဲ့သူတွေက Online ကနေတော်တော်များများ ဝယ်လာကြပါတယ်။ ပြည်ပဝယ်လိုအားက အများကြီးရှိတယ်။ အသစ်ပြန်လည် ဖန်တီးထားတဲ့ ပစ္စည်းကို အဝယ်များတယ်။ ပြည်ပကဆိုရင် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက အများဆုံးဝယ်တယ်'' ဟု ကိုထိုက်က ပြောသည်။

ပျူပုတီးများကို ရှေးဟောင်းလက်ရာ များကဲ့သို့ ပြန်လည်ဆန်းသစ်ပြီး ရောင်းချရာတွင် မူလရှေးဟောင်းပျူ ပုတီးဈေးနှုန်းနှင့် ထက်ဝက်ခန့် သက်သာကြောင်းနှင့် ငွေကျပ်တစ်သိန်းရရှိသည့် ရှေးဟောင်းပျူပုတီးနှင့် ပုံစံတူညီသည့် ဆန်းသစ်ထားသော ပျူပုတီးအား ငွေကျပ် ငါးသောင်းဖြင့် ရောင်းချရကြောင်း သိရသည်။

လက်ရှိတွင် အသစ်ပြန်လည် ဖန်တီးထားသည့် ပျူပုတီးများကို စဥ့်ကိုင်မြို့နယ်၌ ထုတ်လုပ်ပြီး ပျူပုတီးပြုလုပ်ရာတွင် စလင်း၊ခရမ်းစွဲ၊ ပထော့စိမ်း အစရှိသည့် ကျောက်များဖြင့် ပြုလုပ်ကာ ကာနေးဒီးရန်းဟုခေါ်သည့် အကိတ်အနီ ကျောက်ဖြင့် အဓိကထားပြုလုပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment