Pages

Tuesday, June 26, 2018

မြန်မာ့ ဆန်ကို တရုတ်နိုင်ငံဘက်က မှောင်ခိုဝယ်ယူမှုရှိနေ



ရန်ကုန် ၂၆-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ နယ်စပ်မှ တစ်ဆင့် ဆန်တင်ပို့မှုများကို တရုတ်နိုင်ငံဘက်က ချုပ်ကိုင်ထားသည့် ပုံစံဖြစ်နေပြီး မှောင်ခိုလမ်း ကြောင်းကိုသာ အလေးထားဝယ်ယူသည့် ပုံစံရှိနေကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

"ကျွန်တော်တို့ ဖက်ကတော့ တရားဝင်သွားပါတယ်။ သူတို့တရုတ်နိုင်ငံ ဘက်ခြမ်းရောက်ရင် တရားမဝင် ဖြစ်သွားတယ်။ အများစုက မူဆယ်လမ်းကြောင်း ကနေတရားမဝင် ဝယ်ယူနေတယ်။ တရုတ်လုပ်ငန်းရှင်တွေက အခွန်မဆောင် ချင်ကြဘူး။ တရားဝင်တင်သွင်းရင် အခွန်ဆောင်ရမယ်၊ အမြတ်နည်းမယ်" ဟုဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောပြသည်။

တရုတ်နိုင်ငံက ဆန်ဝယ်ယူမှု များပြားသော်လည်း မှောင်ခိုဈေးကွက်မှ တစ်ဆင့် ဈေးကောင်း ပေးဝယ်သည့် အခြေအနေတွင် ရှိသောကြောင့် တရုတ်ဈေးကွက်ကို အားထားနေရသော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ ချုပ်ကိုင်ခံထားရသည့် အနေအထားများ တွင်ရှိနေ၍ အစိုးရအနေဖြင့် မူဆယ်လမ်းကြောင်းကို စနစ်တကျ ထိန်းသိမ်းလုပ်ဆောင် ပေးရန်လိုအပ် ကြောင်း၎င်းက ပြောပြသည်။

"တရုတ်နိုင်ငံဘက်က အဝယ်များရင်တော့ ပြည်တွင်းဆန်ဈေး တက်မယ်၊ သင်္ဘောနဲ့တင်ပို့ တဲ့သူတွေလဲ ထိခိုက်နစ်နာမှု တွေရှိတယ်။ ပြီးတော့ တရုတ်နိုင်ငံ ဘက်ကတရားမဝင် ဝယ်ယူတာတွေ ကနေတစ်ဆင့်လဲ ငွေလိမ်ခံရတာတွေ၊ တရုတ်အစိုးရဘက်က တရုတ်ကုန်သည်တွေကို စစ်ဆေးအရေး ယူတာတွေ လုပ်တဲ့အခါ မြန်မာ ကုန်သည်တွေ၊ စက်ပိုင်တောင်သူတွေ ဒုက္ခရောက်တာ တွေလဲအများကြီးပါ" ဟုဆန်ကုန်သည် တစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောပြသည်။

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှု ၅ဝ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေခြင်း ဖြစ်ပြီးတရားဝင် နည်းလမ်းဖြင့် ရောင်းချနိုင်ရန် လုပ်ဆောင်နေသည့်အပြင် ဈေးကွက်အသစ်များ ကိုလည်း ရှာဖွေရန်လိုအပ်ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment