Pages

Tuesday, June 19, 2018

မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ကတ်ပြားများ အလွဲသုံးစား အသုံးပြုကာ တရားမဝင် လေသေနတ်ကိုင်ဆောင်သူ နှစ်ဦးအား တရားဥပဒေ နှင့်အညီအရေးယူ ဆောင်ရွက်





မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ဝင်ကတ်ပြားများ အလွဲသုံးစားအသုံးပြုကာ တရားမဝင် လေသေနတ်ကိုင်ဆောင်သူနှစ်ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၁၉-၆-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက် အတွင်းရှိ ဦးအောင်အောင်၏ နေအိမ်၌ ဇွန် ၁၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် လူငယ်များခိုက်ရန် ဖြစ်ပွားလျက် ရှိကြောင်း သတင်းအရ စစ်ကိုင်းမြို့၊ မြို့မရဲစခန်းမှ တာဝန် ရှိသူများနှင့် အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ ခိုက်ရန်ဖြစ်ပွား လျက်ရှိသည့် နိုင်ကျော်ကြီး(ဘ) ဦးကျော်မြင့်အား ထိုင်ဝမ် နိုင်ငံလုပ် Gas ထည့်၍ ကော်စေ့ဖြင့် ပစ်ခတ်ရသည့် လေသေနတ် တစ်လက်ဖြင့် လည်းကောင်း၊ နိုင်ဗေဒါ (ဘ) ဦးအောင်တင်အား အရိုးအသွား ၁၉ လက်မ၊ ဗြက် ၁ လက်မခန့်ရှိ ကင်ဒိုဓားတစ်လက်ဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကျန်လူငယ်တချို့မှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသူနှစ်ဦးသည် ၂ဝ၁၈ခုနှစ်၊ မေလပိုင်းက စစ်ကိုင်းမြို့၌ စီးပွားရေး လုပ်ငန်းများလေ့လာရန်အတွက် ရန်ကုန်မြို့မှ ရောက်ရှိလာခဲ့ပြီး စစ်ကိုင်းမြို့၊ ရွှေမင်းဝံ ရပ်ကွက် ၁ လမ်း၊ အိမ်အမှတ်-၁၆၂ အား တစ်လလျှင် တစ်သိန်းနှုန်းဖြင့် ငှားရမ်းနေထိုင် သူများဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးသည် စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခွင့်အလမ်းများ ရယူလိုမှုကြောင့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားများကို အယောင်ဆောင် အသုံးပြုကာ အလွဲသုံးစား ပြုလုပ်ခြင်း အပြင်တရားမဝင် လက်နက်များကိုင်ဆောင်၍ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment