Pages

Friday, June 29, 2018

မော်လမြိုင်မြို့ရှိ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအတွက် ထိုင်းဘုရင့် ကြည်းတပ်မှ ဆန်အိတ်များ လှူဒါန်း


မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မော်လမြိုင်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းဘုရင့်ကြည်းတပ်မှ လှူဒါန်းသည့် ဆန်အိတ်များပေးအပ်ပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း ဇွန်၁၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းဘုရင့်ကြည်းတပ်မှ လှူဒါန်းသည့် ဆန်အိတ်များ ပေးအပ် လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်သည်။

အဆိုပါပေးအပ် လှူဒါန်းပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ (၃၂)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး တက်ရောက်ရန် မော်လမြိုင်မြို့သို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်ကြည်းတပ်မှ Lt. Gen. Vijak Siribunsop ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ထိုင်းဘုရင့်ကြည်းတပ်မှ Lt. Gen.Vijak Siribunsop က ဆန်အိတ်များ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းဘုရင့်ကြည်းတပ်မှ လှူဒါန်းသည့် ဆန်ငါးတန်အား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment