Pages

Friday, May 11, 2018

WLC-5KNOCKOUT WAR ပြိုင်ပွဲ လက်ဝှေ့တွဲဆိုင်းများ ထုတ်ပြန်



ရန်ကုန် ၁၁-၅-၂ဝ၁၈

မြန်မာ့လက်ခမောင်း ကုမ္ပဏီမှ စီစဉ်ကျင်းပသည့် WLC-5KNOCKOUT WAR အမည်ရှိ ငါးကြိမ်မြောက် WLC ပြိုင်ပွဲအတွက် လက်ဝှေ့တွဲဆိုင်းများကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် WLC-5 ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ ဆုကာကွယ်နိုင်ခဲ့သည့် မြန်မာ့လက်ဝှေ့ကျော် တူးတူးအနေဖြင့် ပါဝင်ထိုးသတ်မည် မဟုတ်ဘဲ စောဘဦး (တောင်ကလေး)နှင့် ပိုလန်နိုင်ငံသား အာသာဆာလာ ဒိုက်တို့ကို ၆၇-၇၁ ကီလိုတန်း ကမ္ဘာ့ရွှေခါးပတ် ချန်ပီယံလုပွဲအဖြစ် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာပြည် ချန်ပီယံ လုပွဲစဉ်အဖြစ် စောဒါဝိတ် (တောင်ကလေး)နှင့် ကျော်ဇင်လတ် (ကိုးသထုံ)၊ ငါးချီစိန်ခေါ်ပွဲ ၇၅-၇၉ ကီလိုတန်းတွင် စောငမန်း(မြန်မာ)နှင့် ဘာဒါတို(သြစတြေးလျ)တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

စောငမန်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် သြစတြေးလျနိုင်ငံသား ဘာဒါတိုသည် ပြီးခဲ့သည့် WLC-3 ပြိုင်ပွဲတွင် တူးတူး (နဂါးမာန်)နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး အနိုင်အရှုံးရလဒ်မပေါ်ဘဲ ပူးတွဲသရေ ရလဒ်ထွက်ပေါ် ခဲ့သည်။

အခြားတွဲဆိုင်း များတွင် ငါးချီစိန်ခေါ်ပွဲ ဝယ်သာဝိတ်တန်း ၆၃ ဒသမ ၅- ၆၈ ကီလိုတန်းပွဲစဉ်တွင် သပြေညို (Adventure) နှင့် ဖိုးလပြည့် (ရွှေဖူး)၊ ငါးချီစိန်ခေါ်ပွဲ လိုက်ဝိတ်တန်း ၅၇-၆ဝကီလိုတန်း ပွဲစဉ်တွင် အန်တိုနီယိုအယ် ဘာတို (ပေါ်တူဂီ)နှင့် မိုက်ရိုင်း(မြန်မာ)၊ သုံးချီစိန်ခေါ်ပွဲ ဖယ်သာဝိတ်တန်း ၅၄-၅၇ ကီလိုတန်းပွဲစဉ်တွင် ရွှေနဒီ(မြန်မာ)နှင့် နိုဆရီပေါ့ (ကမ္ဘောဒီးယား)၊ ငါးချီစိန်ခေါ်ပွဲ လိုက်ဖ်ဝိတ်တန်း ၆ဝ-၆၆ ဒသမ ၃၅ ကီလိုတန်း ပွဲစဉ်တွင် စောထူးအောင် (တောင်ဝင်ရိုးရာ)နှင့် လက်သီးမိုး(ကိုးသထုံ) တို့ အသီးသီးယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

အဆိုပါ WLC-5KNOCKOUT WAR ပြိုင်ပွဲကို လာမည့်ဇွန် ၂ ရက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment