ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) (၁၅) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ်။
နေပြည်တော် ၁၈-၅-၂ဝ၁၈
ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ (၁၅)ကြိမ်မြောက် အစည်းအဝေးကို မေ ၁၆ ရက် နေ့လယ်ပိုင်းတွင် ခိုလမ်မြို့ရှိ ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။ ဦးစွာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment