Pages

Wednesday, May 9, 2018

လေကြောင်းလူငယ် တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ Grob- 120 TP အမောင်းသင် လေယာဉ်ဖြင့်လိုက်ပါ စီးနင်းလေ့လာ


လေကြောင်း လူငယ်တန်းမြင့် သင်တန်းမှ သင်တန်းသူ တစ်ဦး Grob-120 TP အမောင်းသင်လေယာဉ်ဖြင့် လိုက်ပါစီးနင်း လေ့လာစဉ်။

တာဝန်ရှိသူတစ်ဦးက Grob-120 TP အမောင်းသင်လေယာဉ်ဖြင့် လိုက်ပါစီးနင်းမည့် လေကြောင်းလူငယ်တန်းမြင့်သင်တန်းမှ သင်တန်းသူတစ်ဦးအား လိုက်နာရမည့်အချက်များကို သင်ကြားပို့ချပေးစဉ်။

နေပြည်တော် ၉-၅-၂ဝ၁၈

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈)မှ သင်တန်းသား၊ သင်တန်းသူများအား လေတပ် စခန်း ဌာနချုပ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မှော်ဘီတပ်နယ်၌ လေ့ကျင့် သင်ကြား ပေးလျက်ရှိသော လေကြောင်းလူငယ်တန်းမြင့်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၄ဝဦးကို လေယာဉ် ပျံသန်းမှုအတွေ့အကြုံ ရရှိစေရန် Grob- 120 TP အမောင်းသင် လေယာဉ်ဖြင့် လိုက်ပါစီးနင်း လေ့လာ မှုများ ပြုလုပ်ပေးသည်။ ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား ပျံသန်းလိုက်ပါ စီးနင်းရာတွင် လိုက်နာရမည့် အချက်များကို သင်ကြား ပို့ချပေးပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။

ထို့နောက် လေယာဉ်မောင်းနည်းပြများနှင့် တာဝန်ခံအရာရှိများ၏ ဦးဆောင်မှုဖြင့် သင်တန်းသား၊ သင်တန်းသူများ အား Grob- 120 TP အမောင်းသင် လေယာဉ်ဖြင့် လိုက်ပါ စီးနင်းစေပြီး လေသူရဲများက လေကြောင်း ဆိုင်ရာ အတွေ့ အကြုံများနှင့် ပျံသန်းမှုများကို လေယာဉ်ပေါ်၌ ရှင်းလင်းပြသပေးသည်။

လေကြောင်းလူငယ်သင်တန်းများကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း လူငယ်၊ လူရွယ်များ လေကြောင်း သမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံ သန်းမှုနှင့် ပတ်သက်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များတွင် အထောက်အကူပြုစေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်ရေး ကောင်းမွန်မြင့် မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်း ဆောင်ရွက်မှု အလေ့အကျင့် ရရှိစေရန်အတွက် လူငယ်များ ဝါသနာပါရာ လေ့ကျင့်မှု တစ်ရပ် အနေဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး လေကြောင်းလူငယ်အခြေခံသင်တန်းများကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment