Pages

Wednesday, May 30, 2018

မြစ်ကြီးနားမြို့တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား မီးဖိုချောင်တစ်လုံး မီးလောင်ဆုံးရှုံး



မြစ်ကြီးနား ၃၀-၅-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင် မေ ၂၈ရက် နံနက် ၁ဝ နာရီ ၂၅ မိနစ်က နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့်မီးလောင်မှု ဖြစ်ပွားသဖြင့် မီးဖိုချောင်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နယ်မြေ (၅) လမ်းသွယ် (၁) အိမ်အမှတ် (၂၂) နေ အိမ်ရှင်ဦးအောင်မိုင်၏ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးဖိုထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာ နေရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မောင်တိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ထရံကာ မီးဖိုချောင်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မိုင်ကို မြစ်ကြီးနားမြို့မ ရဲတပ်ဖွဲ့စခန်းက (ပ)၁၁၂/၂ဝ၁၈၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment