Pages

Monday, May 21, 2018

ကျွမ်းကျင် လုပ်သားရှားပါးမှု၊ ဈေးနှုန်းမတည်ငြိမ်မှု များကြောင့် ရေနံတူးဖော်သူများ ရေနံသယ်ယူရေး လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာ



မြိုင် ၂၁-၅-၂ဝ၁၈

မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွင် ရေနံတူးဖော်လုပ် ကိုင်ကြသူများ အနေဖြင့် ရေနံကျွမ်းကျင် လုပ်သားရှားပါးမှု၊ ဈေးနှုန်းမတည်ငြိမ်မှု များကြောင့် ရေနံသယ်ယူရေး လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင် နေသူများ ရှိနေကြောင်း မြိုင်မြို့နယ် ရေနံတူးဖော်လုပ်ကိုင် သူများထံမှ သိရသည်။

ယခုနှစ် မေ ၁၅ ရက်မှစ၍ ရေနံဈေးနှုန်း အတက်၊ အကျ မတည်ငြိမ်ခြင်း၊ ရေနံလုပ်သားများ တဖြည်းဖြည်း ရှားပါးလာခြင်းတို့ကြောင့် ရေနံတူးဖော်လုပ်ကိုင်သူ များအနေဖြင့် ရေနံသယ်ယူရေးအတွက် ဘောက်ဆာကားကြီးများ၊ ဆယ့်နှစ်ဘီးကားကြီးများ ဝယ်ယူ၍ ရေနံကယ်ရီ လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင် နေကြကြောင်း သိရသည်။

"ရေနံဈေးနှုန်းက ဒီရက်ပိုင်းအတွင်းမှာ တစ်ပီပါကို ငွေကျပ်ခြောက်သောင်း ဖြစ်လိုက်၊ ခုနစ်သောင်းကျော်ဖြစ်လိုက်နဲ့ မတည်ငြိမ်ပါဘူး။ အဲဒီတော့ လုပ်အားခ ရှင်းပေးတဲ့အခါမှာ လိုအပ်ချက်တွေ တွေ့လာပါတယ်။ တချို့ကျွမ်းကျင်တဲ့ ရေနံလုပ်သားတွေဆိုရင် လုပ်အားခမလုံလောက်လို့ နေရပ်ကို ပြန်သွားကြတယ်။ ဒါကြောင့် တချို့ရေနံတွင်း ပိုင်တွေဆိုရင် ဘောက်ဆာ ကားတွေဝယ်ပြီး ရေနံသယ်ယူရေး လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်"ဟု ဆူးဝင်းရေနံမှော်မှ ဦးထွန်းနိုင်က ပြောပြသည်။

မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့မှ ထွက်ရှိသော ရေနံများကို မုံရွာသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိပြီး ရေနံသယ်ဆောင်ရေး လုပ်ငန်း၏ ရင်းနှီးငွေပမာဏမှာ ရေနံတူးဖော်ရေး လုပ်ငန်းကဲ့သို့ ကုန်ကျငွေမများကြောင်း၊ အဆိုပါ လုပ်ငန်းမှာ လုပ်သားရှားပါးမှု ပြဿနာများ မကြုံရကြောင်း၊ ရေနံဈေးနှုန်း မတည်ငြိမ်သော်လည်း သယ်ဆောင်စရိတ်မှာ စီးပွားရေး တွက်ခြေကိုက်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment