Pages

Monday, May 21, 2018

ယခုနှစ်ငါး မဖမ်းရရာသီတွင် မွေးမြူရေး ငါးဈေးနှုန်းများ မြင့်တက်လာနိုင်



ရန်ကုန် ၂၁-၅-၂ဝ၁၈

ယခုနှစ် ငါးမဖမ်းရရာသီတွင် မွေးမြူရေး ငါးဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြငါးမွေးမြူရေး လုပ်ငန်းရှင်များ၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ပင်လယ်ပြင်မှ ငါးပုစွန်များ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်စေရေးနှင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် လွန်ခဲ့သည့်ငါးနှစ်မှ စတင်ကာ နှစ်စဉ်ငါးမဖမ်းရရာသီ သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ငါး၊ပုစွန်များ သားပေါက်ရာသီဖြစ်သည့် မေ ၁၆ ရက်မှ သြဂုတ် ၁၅ရက်ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ဆောင်ရွက် ခဲ့သည်။

သို့သော် အဆိုပါကာလတွင် ပင်လယ်ရေလုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရန်နှင့် ပြည်ပရေထွက်ပို့ကုန် အအေးခန်းစက်ရုံ လုပ်ငန်းများ လုပ်ငန်းလည်ပတ်မှု အခက်အခဲမဖြစ်စေရေးနှင့် အဆိုပါစက်ရုံတွင် အလုပ်အကိုင်များ မပျက်စေရေးအတွက် လက်ရှိကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်း စက်လှေများမှ နှစ်ဆယ်ရာခိုင်နှုန်းကို အလှည့်ကျစနစ်ဖြင့် ငါးဖမ်းခွင့် ပြုပေးခဲ့သည်။

ထိုသို့ခွင့်ပြု ပေးသော်လည်း ကျန်သည့်ငါးဖမ်းစက်လှေ ရှစ်ဆယ်ရာခိုင်နှုန်းမှာ လုပ်ငန်းများရပ်နား နေသဖြင့် ဈေးကွက်သို့ ပင်လယ်ငါး ဝင်ရောက်မှုများမှာလည်း ရှစ်ဆယ်ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးမဖမ်းရရာသီတွင် ငါးဈေးကွက်အနေဖြင့် မွေးမြူရေးငါးများကိုသာ အားထားဆောင်ရွက် နေရသဖြင့် မွေးမြူရေးငါးများ ဈေးနှုန်းမြင့်တက် လာလေ့ရှိကြောင်း၊ ယခုနှစ်တွင် မွေးမြူရေး လုပ်ငန်းများလည်း ငါးထွက်ရှိမှုနည်း ပါးနေသဖြင့် ဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ငါးဈေးကွက်နှင့် ငါးမွေးမြူရေးလုပ်ငန်း ရှင်များထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment