Pages

Wednesday, May 30, 2018

ရွှေပြည်သာ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၄ဝဝ ခန့် ပျက်စီး



ရန်ကုန် ၃ဝ-၅-၂ဝ၁၈

ရွှေပြည်သာ မြို့နယ်အတွင်း လေပြင်းတိုက်ခတ် မှုကြောင့် အိမ်ခြေအလုံး ၄ဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပြသည်။

ယနေ့ နံနက် ၃ နာရီခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အတွင်းရှိ ရပ်ကွက်ခြောက် ရပ်ကွက်မှ အိမ်ခြေ ၄ဝဝခန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လေဆင်နှာ မောင်းပေါ့။ ရပ်ကွက်ခြောက်ရပ်ကွက် လောက်က အိမ်တွေပျက်စီး သွားတယ်။ စာရင်း အတိအကျ ရဖို့အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ငယ်တွေဖွဲ့ပြီး လုပ်ဆောင်နေပါတယ်"ဟု ဦးရန်အောင်မင်းက ပြောပြသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၈)၊ အမှတ်(၇)၊  အမှတ်(၁ဝ)၊ အမှတ်(၁၉)၊ (၂ဝ)ရပ်ကွက်တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

လေပြင်းတိုက်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိခဲ့ပြီး ပေါင်ကျိုးဒဏ်ရာ ရရှိခဲ့သည့် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးရှိကာ ၎င်းကို အင်းစိန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်များ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ကူညီကယ်ဆယ်မှု ပြုလုပ်ရန်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ငယ်များ ဖွဲ့စည်းကာမြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment