Pages

Tuesday, May 22, 2018

လေးမျက်နှာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များကို အလိုမရှိကြောင့် အိုင်သပြုဒေသခံ ဦးရေ ၅၀၀ ခန့် ဆန္ဒထုတ်ဖော်



လေးမျက်နှာ ၂၂-၅-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်ဇော်ကို မလျော်သြဇာသုံးပြီး ရာထူးပြုတ်အောင် လုပ်ခဲ့သည်ဟုဆိုကာ ဒေသခံဦးရေ ၅ဝဝ ခန့်က ခွင့်ပြုမိန့်ယူပြီး လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် များကို အလိုမရှိကြောင်း ယနေ့တွင် အိုင်သပြုကျေးရွာ၌ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အိုင်သပြု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်သည် ဒေသခံပြည်သူဦးရေ ၉ဝဝကျော် မဲပေးရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ၎င်းကိုရွာရှိ လောင်းကစား ဝိုင်းများလုပ်သည်ကို မသိခြင်း၊မယင်းတံတား တည်ဆောက် မှုတွင်လာဘ်စားခြင်း၊ ဒေသခံ ရေလုပ်သားငယ်များ၏ ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် လေးမျက်နှာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိုင်သပြု ကျေးရွာတွင် ၂ဝ၁၅ ခုနှစ်က ကမ်းပါးပြိုကျရာတွင် ပါသွားသည့် အိမ် ၅၂ လုံးကို အလှူရှင်များ အကူအညီဖြင့် ရွာအနီးလယ်ကွက် များအတွင်း သခင်ဖိုးလှကြီး ရပ်ကွက်အဖြစ် ပြန်လည်နေရာ ချထားရာတွင် ကိုယ်စားလှယ် များထံ ငွေစာရင်းမရှင်းခဲ့ခြင်း၊ ရပ်ကွက်နေ ထိုင်များက ကိုယ်စားလှယ်များကို အထင်အမြင် လွဲအောင်ပြောဆိုခြင်း စသည်တို့ပြုလုပ် ခဲ့သည်ဆိုကာ တိုင်ကြားခဲ့သည့် ကိစ္စများအတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဦးစိန်ဝင်းက ပြောပြသည်။

ဆန္ဒဖော်ထုတ် သူများသည် ပြည်သူ့ဆန္ဒ မျက်ကွယ်ပြုသည့် လွှတ်တော် ကိုယ်စားလှယ်များ အလိုမရှိ၊ ဥပဒေအလွဲ သုံးစားပြုသည့် လွှတ်တော် ကိုယ်စားလှယ်များ အလိုမရှိ၊ ပြည်သူကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသည့်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ မလျော်သြဇာသုံးသည့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ ဒေသတည်ငြိမ် အေးချမ်းမှုကို ပျက်စီးအောင်လုပ်သည့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ ပြည်သူကို စော်ကားသည့်လွှတ်တော် ကိုယ်စားလှယ်များ အလိုမရှိစသည့် ကြွေးကြော်သံများဖြင့် ယနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ အိုင်သပြု ကျေးရွာအနှံ့လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

"တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က တိုင်တာပါ။ ကျွန်တော့်ကို တိုင်ကြားသူရော၊ အတိုင်ခံရတဲ့သူရော တိုင်ပင်တာမရှိဘူး။ ခေါ်စစ်တာလဲမရှိဘူး။ အုပ်ချုပ်ရေးပိုင်းကဆိုတော့ ထွေအုပ်ကစစ်တာပါ။ ကျွန်တော်ကတော့ အခုသူတို့ဆန္ဒထုတ်ဖော်ခဲ့ သလိုမျိုးတွေ ပြည်သူကို တစ်ခါမှမလုပ်ခဲ့ဘူးလို့ ရဲရဲကြီး အာမခံနိုင်ပါတယ်" ဟု လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment